ဗီဒီယိုများ ဝေမျှရန် ကိုယ်ပိုင်ဝက်ဘ်ဆိုက် Vine.co ကို Vine လွှင့်တင်

ပို့စ်တင်ချိန် - 1/04/2014 03:00:00 PM



=========

၆ စက္ကန့်စာ ဗီဒီယို ဝေမျှနိုင်သည့် Vine ကို ယခင်က မိုဘိုင်း app အနေဖြင့်သာ အသုံးပြုနိုင်ခဲ့သော်လည်း ယခုအခါ Vine.co ဝက်ဘ်ဆိုက်ဖြင့် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ ကြေညာခဲ့သည်။

Vine အနေဖြင့် အဆိုပါ platform သစ်ကို မိတ်မဆက်ပေးမီက Vine အသုံးပြုသူ တစ်ဦးကို တစ်နေရာတည်းတွင် ရှာဖွေရန် အခက်အခဲများရှိခဲ့သည်။ Twitter ကုမ္ပဏီပိုင် ဖြစ်သော Vine သည် Twitter ၏ feeds တွင် ဗီဒီယိုများကို ထည့်သွင်းထားကာ အသုံးပြုသူတစ်ဦး ၏ ဝေမျှထားသော Vine ဗီဒီယိုများကို tweet များမှရှာဖွေနိုင်သည်။

Web browser ဖြင့် Vine ကို အသုံးပြုသူများသည် အခြားသူများ ဝေမျှထားသည့် Vine များကို ကြည့်ခြင်း၊ Like လုပ်ခြင်း၊ favorite အဖြစ် သတ်မှတ်ခြင်းနှင့် ဝေမျှခြင်းတို့ကို ပြုလုပ်နိုင်သည်။ အသုံးပြုသူများ အနေဖြင့်လည်း ထူးခြားသော Vine profile များကို အခြားလူများနှင့် ဝေမျှနိုင်အောင် Vine အားလုံးကို မှတ်တမ်းတင် ထားပေးသည်။

ထို့အပြင် Vine သည် TV mode ကိုမိတ်ဆက်ခဲ့ပြီး သုံးစွဲသူများအနေဖြင့် စုဆောင်းထားသည့် ဗီဒီယိုများကို တစ်ပြိုင်နက် ကြည့်ရှုနိုင်ပြီ ဖြစ်သည်။

Ref: Gigaom

Internet Journal