Android Q & A

ပို့စ်တင်ချိန် - 2/05/2014 07:43:00 PM


ကျွန်တော့်ရဲ့ဖုန်းက Samsung Galaxy S3 ဖုန်းပါ။ ဖုန်းထဲမှာ ထည့်သွင်းဖို့အတွက် Firmware Version အသစ်ကို အွန်လိုင်းကနေပြီး Download လုပ်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်ဖုန်းထဲမှာ ဗားရှင်းအသစ်ကို မြှင့်တင်နေတုန်းမှာ ဖုန်းကဘက်ထရီ ကုန်သွားပြီး ပါဝါကျသွားပါတယ်။ ပြီးတော့ဖုန်းက ပါဝါပြန်တက်မလာတော့ပါဘူး။ ဘာခလုတ်ကိုမှလည်း နှိပ်လို့မရတော့ဘူး ဖြစ်နေပါတယ်။ ပါဝါမ လာတော့တဲ့အတွက် ဒါက Firmware ပျက်သွားတာလား၊ ဒါမှမဟုတ် ဘာဖြစ်သွားတာလဲ ဆိုတာသိပါရစေခင်ဗျာ။ ဘယ်လိုပြန်လုပ်ရင် အဆင်ပြေနိုင်ပါမလဲ။

Samsung Galaxy S3 ဖုန်းအတွက် Firmware ကိုအွန်လိုင်းပေါ်ကနေပြီး Download ပြုလုပ်ပြီး ဖုန်းထဲကိုထည့်သွင်းနေတဲ့ အချိန်မှာ ဘက်ထရီကုန်သွားတယ် ဆိုတာကဖြစ်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းကနေတိုက်ရိုက် Download ပြုလုပ်ပြီး ထည့်နေချိန်မှာ ဘက်ထရီကုန်သွားတာ ဆိုရင်တော့ ဒါကဖုန်းရဲ့လုပ်ဆောင်ချက် တစ်​ဝက်တစ်ပျက်မှာ ရပ်တန့်သွားတာ ဖြစ်တဲ့အတွက် Firmware ပျက်သွားတာ ဖြစ်နိုင်ပါတယ်။ ခုဖြစ်တာက Firmware ကို Download ပြုလုပ်ပြီးမှ ဖုန်းထဲကို ထည့်သွင်းတာဆိုရင်တော့ ဖုန်းကကွန်ပျူတာကနေ ပါဝါဝင်နေလျက်နဲ့ ပါဝါပျောက်တာသွားတာမျိုး
ဖြစ်နိုင်ပါလိမ့်မယ်။ ဘက်ထရီကုန်သွားတာကြောင့် ဖြစ်တာဆိုရင်တော့ ဖုန်းအတွက် Download Mode ကိုပြန်ခေါ်ကြည့် ရပါလိမ့်မယ်။ Download Mode ရသေးတယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ Download Mode မရတော့ဘူးဆိုရင်တော့ ဒါကခက်ခဲပါတယ်။ ဖုန်းကို Samsung ရဲ့ Jig လိုအရာမျိုးတွေ လိုအပ်ပါလိမ့်မယ်။ အဲဒါမှမရရင်တော့ ဒါက Android စနစ်ရဲ့ဆားကစ်ပေါ်မှာပြန်ခွာပြီးရေးရတာ မျိုးတွေထိဖြစ်လာ နိုင်ပါတယ်။ ဒါကြောင့် ပါဝါသေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆားဗစ်ဆိုင်မှာ ပြသသင့်ပါတယ်။

-ကိုသက်
Internet Journal