တအာင်းစစ်ပြေးဒုက္ခသည်တွေ မြန်မာစစ်တပ်ကြောင့် တစ်ပူပေါ်နှစ်ပူဆင့်နေရဟုပြော

ပို့စ်တင်ချိန် - 2/26/2014 08:51:00 AM


ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသက တအာင်း စစ်ပြေးဒုက္ခသည်တွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီ မြန်မာစစ်တပ်ရဲ့ တပ်စခန်းချမှုတွေကြောင့် ဖိနှိပ်မှုတွေကို ခံစားနေရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံမြို့နယ်တွေမှာရှိတဲ့ ကာလန်၊ မိုင်းယု၊ နေဝင်းနီ၊ တွန်းဟုန်း၊ လီဆူးနဲ့ တန့်ယန်းဒုက္ခသည်စခန်းတွေမှာ အကူအညီကင်းမဲ့နေတဲ့ တအာင်းစစ်ပြေးဒုက္ခသည် ၄ထောင်နီးပါးရှိတယ်လို့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာကျင်းပတဲ့ အစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားမှာ တအာင်းစစ်ပြေးဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အဓိကတာဝန်ယူရမှာက မြန်မာအစိုးရဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေရှိတဲ့နားတဝိုက်မှာ စီမံကိန်းအကြီးစားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တပ်စခန်းချလာတဲ့ မြန်မာစစ်တပ်ဟာ ဒေသခံတွေကိုပါ နိုင်ထက်စီးနင်းလုပ်နေပြီး အခုချိန်ထိ စစ်ပွဲတွေဖြစ်ပွားနေဆဲပဲလို့ ဆိုပါတယ်။

(ဒီဒီပို;စေင် – အထွေထွေအတွင်းရေးမှူး၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း) file 4874

လျစ်လျူရှုခံ အကျပ်အတည်းများလို့ နာမည်ပေးထားတဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စာရင်းပြုစုခဲ့တာဖြစ်ပြီး မီဒီယာတွေနဲ့ အမေးအဖြေတွေကို ပြုလုပ်ခဲ့ကြပါတယ်။

Kamayut Media