ဗဟန်းမြို့မရဲစခန်းလူသတ်မှုမှ ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူအား သတင်းပေးကြပါရန် မေတ္တာရပ်ခံခြင်း

ပို့စ်တင်ချိန် - 2/12/2014 01:18:00 AM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

၈.၂.၂၀၁၄ရက်နေ့ ၂၂၀၀အချိန် ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသားတစ်ဦးဓါးထိုးခံရကာ သေဆုံးရောက်ရှိ
နေကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အရှေ့ရပ်ကွက်နေ ကိုဆန်းမင်းသူဖြစ်ပြီး ၀ဲရင်အုံ တွင်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ မေးစေ့ဝဲဘက်ပွန်းစုတ်ဒဏ်ရာ (၁)ချက်တို့ရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဗဟန်းမြို့နယ်၊ စက်မှု(၁)လမ်းတွင်
အမျိုးသားတစ်ဦးနှင့်စကားများရန်ဖြစ်စဉ် အဆိုပါအမျိုးသားမှ ဓါးဖြင့်ထိုး သွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဗဟန်းမြို့မရဲစခန်း (ပ)၆၃/၂၀၁၄၊
ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ် ခဲ့ပါသည်။

စုံစမ်းဖော်ထုတ်ချက်များအရ အဆိုပါပြစ်မှုအားကျူးလွန်သူများမှာ ညီဇင်ဦး (ခ)ညီဇင်(ခ)သူရလင်းနှင့် အဖိုးကြီး(ခ)အောင်ကျော်သူတို့ဖြစ်ကြောင်း
ပေါ်ပေါက်သဖြင့် ညီဇင်ဦး(ခ)ညီဇင်(ခ)သူရလင်းအား ဖမ်းဆီးရမိစစ်ဆေး လျက်ရှိပါသည်။

အမှုမှကျန်ပြစ်မှုကျူးလွန်သူ အဖိုးကြီး(ခ)အောင်ကျော်သူ၊(၄၂)နှစ်၊
(ဘ)ဦးမောင်မောင်လွင်၊ ၁၂/ရကတ(နိုင်)၀၆၂၇၅၈၊ အခန်း(၄၀၁)၊ တိုက်အမှတ်(၃၀)၊ စီ(၁၄)လမ်း၊ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့နယ်နေသူမှာ အခင်းဖြစ်ပွားပြီးနောက်ထွက်ပြေးတိမ်းရှောင်
နေခဲ့၍ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ၎င်းနှင့်ပတ်သက်၍ အောက်ဖေါ်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီ သတင်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-

၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၁-၃၇၆၁၆၆(အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၄၅၅၉၅(ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၅၄၆၃၀(ဗဟန်းမြို့မရဲစခန်း)။

Yangon Police