အယ်ဇိုင်းမားရောဂါဖြစ်သောအကြောင်းတစ်ခုမှာ ပိုးသတ်ဆေးများ ဖြစ်နိုင်

ပို့စ်တင်ချိန် - 2/21/2014 05:37:00 PM


၁၉၇၀ ပြည့်နှစ်တွင်အသုံးများခဲ့ပြီး ယခုတိုင်လည်း အချို့ဒေသများ၌ ငှက်ဖျားရောဂါကာကွယ်ရေး၌ အသုံးပြုလျက်ရှိသော ပိုးသတ်ဆေး (Pesticide) များကိုအယ်ဇိုင်းမားဝေဒနာရှင်များ၏သွေးများထဲတွင် တွေ့နေရပြီး ယင်းက ရောဂါဖြစ်ပွားစေသော အကြောင်းအရင်းတစ်ခုဖြစ်နိုင်သည်ဟု လေ့လာသူများက အဆိုပြုခဲ့သည်။ DDT   ဟုခေါ်သည့် Dich lorodiphenyl trichloroethane  မှာ ၁၉၇၀ခုနှစ်တွင် အသုံးများခဲ့သော်လည်း  ၁၉၇၂ ခုနှစ်၌ အသုံးမပြုတော့ရန် တားမြစ်ခဲ့ပြီး ယင်း DDT မှာ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားခဲ့သော် Dichlorodipheny lclichloroethane  (DDE)  အဖြစ် ပြောင်းလဲသွားလေသည်။ Rutgers Universityနှင့် Emory University့မှ လေ့လာသူများ၏တွေ့ရှိချက်များအရ အယ်ဇိုင်းမားဝေဒနာရှင်များတွင် သွေးထဲ၌ DDE  ပမာဏမှာ သာမန်သူများထက် ၃.၈ဆပိုများနေကြောင်း တွေ့ရသည်။ လေ့လာမှု တွင် ပါဝင်သူ Professor Allan Levey က ယခုတွေ့ရှိချက်မှာ ယခင်လေ့လာမှုများအားလုံးထဲ၌ အယ်ဇိုင်းမားရောဂါနှင့်ပတ်ဝန်းကျင် အချက်အလက်များဆက်စပ်ပုံကို အထင်ရှားဆုံးပြနိုင်သော လေ့လာမှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဖိုးသောကြာ
ref:Netdoctor.co.uk
Health Updates Journal