ကျောအောင့် ခါးနာခြင်း သက်သာစေဖို့ နောက်ဆုံးတွေ့ရှိချက်များ

ပို့စ်တင်ချိန် - 2/13/2014 12:01:00 AM


ထိုင် ထ စနစ်ကျအောင် စောင့်ကြည့် ပေးမည့် ခါးပတ်

LUMOback ခါးပတ်သည် ၀တ် ထားသူကို စနစ်တကျ ထိုင် ထ တတ်အောင် သင်ပေး နိုင်သည်။ ခါးမှာ ပတ်ထား နိုင်သော ခါးပတ် မျိုးဖြစ်ပြီး လူ၏ လှုပ်ရှားမှုကို အာရုံခံ နိုင်သော ကိရိယာငယ် ပါဝင်သည်။ မိမိ ခန်္ဓာ ကိုယ် အချိုး အစားကို စက်က နားလည်အောင် အချက် အလက် အတိုင်း အတာများ ထည့် သွင်းပေးပြီး သည်နှင့် မိမိ မတ်တပ်ရပ်လျှင် ဖြစ်စေ၊ ထိုင်လျှင်ဖြစ်စေ ခါးရိုးနှင့် တင်ပါး ဆုံရိုးကို မတ်မတ် အနေအထား ပုံစံ မှန်အောင် မည်သို့ ထိုင်ရမည်ကို လမ်းညွှန်မည်ဖြစ်သည်။ အကယ်၍ မိမိက ခပ်ကုန်းကုန်း ကိုင်းကိုင်း နေမိလျှင်လည်း ခါးပတ်သည် တုန်ခါပြီး မတ် မတ်ထိုင်ဖို့ မိမိကို အချက်ပေး မည်ဖြစ်သည်။ အိုင်ဖုန်း၊ အိုင်ပတ်နှင့် လည်း ချိတ်ဆက် အလုပ် လုပ်နိုင်ပြီး တစ်နေ့ တစ်နေ့ အချိန် ဘယ်လောက် ထိုင်သည်၊ ထသည်၊ လမ်း လျှောက်သည် များကိုပါ မှတ်တမ်း တင်ပေး ထားနိုင်သည်။ အပြည့် အစုံကို lumoback.com တွင် ၀င်ရောက် ကြည့်ရှု နိုင်သည်။

လမ်းလျှောက် ခြင်းဟာ ခါးနာ သက်သာ စရာ

လမ်းလျှောက် ခြင်းသည် အခြားသော ခန္ဓာဗေဒ ကုထုံးများ နည်းတူ ခါးနာ သက်သာ စေသော အကျိုး ရှိကြောင်း နောက်ဆုံး လေ့လာ မှုတစ်ရပ်က ဖော်ပြသည်။ လေ့လာမှုတွင် ပါဝင်သော ခါးနာ ဝေဒနာရှင် များသည် တစ် ပတ်ကို နှစ်ကြိမ်၊ တစ်ကြိမ်ကို မိနစ် လေးဆယ် ဖြင့် လမ်းလျှောက် စက်ပေါ်တွင် လမ်းလျှောက် သည်။ ခြောက်ပတ်ကြာ လုပ်စေ ပြီးနောက် ရလဒ်ကို စစ်ဆေး သည်တွင် စလုပ်ချိန်က ထက် ကျောအောင့် ခါးနာ သက်သာ လာကြသည်ကို တွေ့ရသလို၊ ၀မ်းဗိုက်ကြွက် သားနှင့် ကျောအောက်ပိုင်း ကြွက်သားများ သန်မာမှုသည် ကာလတူ အတွင်း ကြွက်သား လေ့ကျင့်ခန်း ခပ်ပြင်းပြင်း လုပ်သူများနှင့် ဆတူ နီးပါး ရှိကြောင်းလည်း တွေ့ ခဲ့ရသည်။ သို့ဖြစ် သောကြောင့် ကျောအောင့် ခါးနာ ခံစား နေရသူ များအနေဖြင့် လမ်းလျှောက် လေ့ကျင့်ခန်းကို မဖြစ်မနေ လိုက်စား သင့် ကြောင်း သုတေသနက အကြံပြုသည်။

ဆေးသောက်လျှင် သက်သာ နိုင်သော ကျောအောင့် ခါးနာခြင်း မျိုးလည်း ရှိသည်။

ခါးရိုးဆစ် များအကြားက အခုအခံ ချပ်ပြားေ လးများ ထိခိုက် ပွန်းပဲ့ခြင်း၊ နေရာ လွဲခြင်းမှ တစ်ဆင့် ဘတ်တီးရီးယားပိုး ၀င် ရောက်ပါက ခါးနာ ကျောအောင့် ဖြစ်တတ် သည်။ ထိုသို့ ကျောရိုးဆစ် ကြားခံချပ်ပြား ထိခိုက်သူ၏ (၄၆) ရာခိုင်နှုန်းထိသည် ဘက် တီးရီးယား ၀င်သဖြင့် ချပ်ပြားများ ယောင် ယမ်းလာကာ ခါးနာ ဝေဒနာ ခံစားကြ ရကြောင်း ဥရောပ လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြ သည်။ သုတေသန ပညာရှင် များသည်ပိုးသတ် ဆေးများ တိုက်ကြည့်သည်။ ထိုနည်းဖြင့် သုံး လခန့် ကုသလိုက် သည့်အခါ ပိုးသတ်ဆေး သောက်သော လူနာ များသည် မသောက်သော လူနာများထက် ကျောအောင့် ခါးနာ များစွာ သက်သာ သွားကြသည်ကို တွေ့ခဲ့ရသည်။
By The Messenger