ကိုရီးယား ဇတ်လမ်းတွေက သူတို့ယဉ်ကျေးမှု ထုံးစံကို ထည့်ရိုက်တယ် သင်ဇာဝင့်ကျော်

ပို့စ်တင်ချိန် - 2/12/2014 02:39:00 PM


သင်ဇာ ကိုရီးယားဇာတ်ကား ကိုကြည့်ဖြစ် ပါတယ်။ သူက series တွေလေ။ series ဆိုတော့ တစ်ပိုင်း ပြီးခါနီးတိုင်း နောက်တစ်ပိုင်းကြည့် ချင်အောင် စိတ်ဝင်စား စရာကောင်း အောင် ထည့်ထားကြတယ်။ အဲဒါ ကြောင့် နောက်တစ်ပိုင်းကို လူတွေ က ကြည့်ချင် လာတယ်။ သင်ဇာတို့ မြန်မာ ဗီဒီယိုကကြည့်ပြီး ပြီးသွား တယ်။ ဘယ်နေရာမှာ ဘာဖြစ်မလဲ ဆိုတာ ကြိုပြီးခန့်မှန်း လို့ရတဲ့ ထဲမှာ ပါတယ်။
အဲဒါကြောင့် ကိုရီးယား ကားနဲ့ကွာခြား တယ်လို့ထ င်ပါတယ်။ ကိုရီးယားကား ကလည်း သူ့အရည် အချင်းနဲ့ သူတော်ကြတယ်။ သင်ဇာ တို့လည်း ထိုးဖောက်နိုင်ဖို့ကြိုး စားရ ဦးမှာပါ။ သင်ဇာ series လည်း သိပ်မကြည့်ဖြစ်ဘူး။ အချိန်ပေးရ လို့။ Moving လောက်ပဲကြည့် ဖြစ်တယ်။ သင်ဇာတို့ မြန်မာကား တွေ ရိုက်ရင် ယဉ်ကျေးမှုပျောက်နေ တယ်။ နိုင်ငံခြားကားတွေမှာ သူတို့ ကားတိုင်း ယဉ်ကျေးမှုတစ်ခုခုပါ တတ်တယ်။ ကိုရီးယားကားဆိုလည်း ရိုးရာအဝတ် အစားမျိုးတွေ၊ သူတို့ ရိုးရာမပျောက်တဲ့ ဆင်န်းလေးတွေ ပါတတ်တယ်။
ဒီမှာက အဲဒါမျိုးတွေ ပျောက်နေတော့ မြန်မာ လူမျိုးတွေ ကျတော့ မေ့လုလုတောင်ဖြစ်နေ တယ်။ အဲဒီတော့ ကိုယ့်ယဉ်ကျေးမှု ကို ကားရိုက်တိုင်းထည့်ပေးရင် အ ဆင်ပြေမယ်လို့ ထင်တယ်။ မြန်မာ မိန်းကလေးတွေက ကိုရီးယားကား တွေကြည့်ပြီး ယောကျာ်းလေးတွေ ကို တစ်ဖက်သတ် ကြိုက်တာတို့၊ Propose လုပ်တာတို့တွေရှိလာ တယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင် မိလဲဆိုတော့ ဘယ်လိုပြောရမလဲ။ ကိုယ်ကလည်း အရမ်း Perfect ဖြစ်နေတဲ့ မိန်းကလေး တစ်ယောက် လည်း မဟုတ်ဘူးလေ။ ကိုယ်လည်း ကိုယ့်ခံယူချက်နဲ့ သွားနေသလို သူ တို့လည်း သူတို့ခံယူချက်နဲ့ ပဲသွား ပါစေ။ သူတို့အတွက်လည်း ဘာမှ ပြောပေးစရာ အကြောင်းလဲ မရှိဘူး။ ပြောလည်း မပြောချင်ဘူး။
ဘာလို့ လဲဆိုတော့ ကိုယ်ပြော လိုက်လို့ တစ် ခုခုအမှားအယွင်း ဖြစ်သွားမှာစိုး လို့ပါ။ ပိုပြီး မှားသွားမှာ စိုးလို့ပါ။ ကိုရီးယားကားတွေမှာက အိမ် ထောင်ရေးဖောက်ပြန် တာတွေ များ တော့ အတုယူမှား တာတွေဖြစ်နိုင် လားဆိုတော့ ဒီကားကိုကြည့်ပြီး ဒီလိုလုပ် ရမယ်လို့ ဒီကားပြတဲ့အ ချိန်မှာ ပြောထားတာ မဟုတ်ဘူး လေ။ လူဆိုတာ စဉ်းစားချင့်ချိန် နိုင်တဲ့ ဥာဏ်တော့ရှိပါတယ်။ လုပ် သင့်လား။ မလုပ်သင့်ဘူးလား ဆိုတာ သေသေချာချာ စဉ်းစားပြီးမှ လုပ်ပေါ့။ ကိုယ်လုပ် လိုက်လို့ ကိုယ်ကျူးလွန် လိုက်လို့ လူတစ်ဖက်သား နစ်နာသွား မလားဆိုတာ စဉ်းစားပေါ့။ စဉ်းစား ပြီးအားလုံးကို လုပ်စေချင်ပါတယ်။

8 Days