ယူကရိန်း အဓိကရုဏ်း သေဆုံးသူ ၇၀ နီးပါး အထိတိုး

ပို့စ်တင်ချိန် - 2/21/2014 11:35:00 AM

ယူကရိန်း ဆန္ဒပြပွဲအတွင်း လူအသေအပျောက်များလာ ( ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄)

 Friday, February 21, 2014

ယူကရိန်းနိုင်ငံ ကီးယက်ဗ်မြို့လည်မှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေနဲ
့ ရဲတွေကြား အဓိကရုဏ်းတွေဖြစ်ပွါးပြီး ကြာသပတေးနေ့မှာ ၃၉ ဦးသေဆုံးခဲ့ ရတာမို့ အခုဆို ၃ ရက်အတွင်း သေဆုံးသူ အနည်းဆုံး ၆၉ ဦး ရှိသွားပြီဖြစ် ပါတယ်။ ဒါဟာ ဆိုဗီယက်ရုရှား လက်အောက်မှာ ရှိချိန်ကစပြီး အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု အများဆုံးရှိခဲ့တဲ့ နေ့ဖြစ်ပါတယ်။ ဆန္ဒပြသူတွေနဲ့ ဆေးဝန်ထမ်းတွေကတော့ ကြာသပတေးနေ့ တနေ့ထဲမှာတင် သေဆုံးသူ ၇၀ ကနေ ၁၀၀ အထိ ရှိနေတယ်လို့ ဆိုပါတယ်။

ယူကရိန်းနဲ့ ပါတ်သက်ပြီး မြို့တော် ကီးယက်ဗ်မှာ အကြမ်းဘက်မှုတွေ ဖြစ်ပွါးအောင် လုပ်ဆောင်နေမှုအတွက် တာဝန်ရှိတဲ့ ယူကရိန်း အရာရှိတွေအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေက ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ကြာသပတေးနေ့ အရေးပေါ် အစည်းအဝေးကနေ သဘောတူလိုက်ကြပါတယ်။ အရေးယူတဲ့ထဲမှာ ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့၊ သူတို့ ပိုင်ဆိုင်မှုတွေကို ထိမ်းချုပ်ဖို့ အပြင် ယူကရိန်းအစိုးရကို အကြမ်းဘက်တိုက်ဖျက်ရေးသုံး လက်နက်ကရိယာတင်ပို့ရေး ဆိုင်ရာ ကန့်သတ်မှုတွေ ပြုလုပ်ဖို့ပါ ပါဝင်ပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ဗုဒ္ဓဟူးနေ့မှာ အလားတူ ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ကြောင်း ကြေငြာခဲ့ပါတယ်။

ယူကရိန်းလုံခြုံရေး တပ်သားတွေက သူ့ပြည်သူတွေအပေါ် သေနတ်တွေနဲ့ ပစ်ခတ်တဲ့ ပုံတွေ တွေ့ရတဲ့ အတွက် အမြက်ဒေါသထွက်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ ကြေငြာချက်ထုတ်ပြန်ပြောဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို လေးစားပြီး ကီးယက်ဗ်မှာ ချထားတဲ့ လုံခြုံရးတပ်သားတွေကို အမြန်ရုပ်သိမ်းပေးဖို့ ယူကရိန်းသမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျကို တောင်းဆိုလိုက်ပါတယ်။

VOA Burmese News