နေအိမ်မီးလောင်စဉ် သမီးကို သွားရောက်ကယ်တင်သည့်မိခင် သေဆုံး

ပို့စ်တင်ချိန် - 2/16/2014 06:46:00 PM


[ ကိုသစ္စာ ( မုံရွာ ) ]

မုံရွာခရိုင် ချောင်းဦးမြို့နယ် မန် ကျည်းခွကျေးရွာအုပ်စု မင်းခေါင်ကျေး ရွာတွင် ဖေဖော်ဝါရီ ၉ ရက် နံနက် ၄ နာရီ ၅၅ မိနစ်က မီးလောင်မှုဖြစ် ပွားခဲ့ရာ နေအိမ်မီးလောင်စဉ်တွင် အိမ်အပေါ်ထပ်၌အိပ်နေသော ခုနစ် နှစ်အရွယ်သမီးငယ်ကို သွားရောက် ကယ်တင်သော အသက် ၃၈နှစ်အ ရွယ်မိခင်တစ်ဦး မီးလောင်ကျွမ်းခံရ ပြီး သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှသိရသည်။

''သေသွားတဲ့ အမျိုးသမီးက သူ့ သမီးလေးအိမ်ပေါ်မှာ ရှိသေးတယ် ထင်ပြီး တက်ခေါ်တဲ့အချိန်မှာ မီးကူး သွားပြီး ပြန်မဆင်းနိုင်တော့ဘဲ မီး လောင်ဒဏ်ရာနဲ့ သေဆုံးသွားတာ ပါ။ ကလေးက အောက်မှာရောက် နေပါပြီ''ဟု မီးသတ်ဝန်ထမ်းတစ်ဦး ကပြောသည်။

အဆိုပါမီးမှာ ဦးစိန်မောင်နှင့် သေဆုံးသူအမျိုးသမီး၏ အစ်မဖြစ် သူ ဒေါ်မြင့်မာတို့နေအိမ်မှဖြစ်ပြီး ထမင်းအိုးတည်ထားရာမှ ကပ်ထရံ ကိုမီးကူးပြီး နွားစာတဲမှတစ်ဆင့် အိမ် မကြီးသို့ လောင်ကျွမ်း၍ အနီးရှိ အိမ် သုံးလုံးအား ကူးစက်လောင်ကျွမ်းခဲ့ ကာ ၁၆ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနမှ သိ ရသည်။

မီးလောင်ရာသို့ ချောင်းဦးမြို့ နယ်မှ မီးသတ်ကားနှစ်စီး၊ သန္ဓေမီး သတ် ရှစ်ဦး၊ အရန်မီးသတ် ၅ဝနှင့် ပြည်သူလူထုမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ ခြင်းကြောင့် နံနက် ၅ နာရီ ၁၅မိနစ် တွင်မီးငြိမ်းသွားပြီး မီးပေါ့ဆစွာသုံး စွဲသူအိမ်ရှင်အား ချောင်းဦးမြို့မရဲ စခန်းတွင် (ပ)၉/၂ဝ၁၄ ပုဒ်မ ၂၈၅/ ၃ဝ၄(က)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။
Yangon Media Group