သတင်းကျင့်ဝတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပို့စ်တင်ချိန် - 2/09/2014 06:20:00 PM


အောင်လံ၊ ဖေဖော်ဝါရီ ၉။

မကွေးတိုင်းဒေသကြီး မကွေးမြို့ မကွေးဟိုတယ် ခန်းမတွင် ဖေဖော်ဝါရီလ(၈)ရက်နေ့က မကွေးတိုင်းအတွင်းရှိ ဒေသခံသတင်းထောက်များနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ယာယီတို့ တွေ့ဆုံပြီး မြန်မာသတင်းစာဆရာများ သတင်းကျင့်ဝတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စာနယ်ကောင်စီယာယီမှ ဆရာဦးကိုကို(ကိုကို စက်မှုတက္ကသိုလ်)၊ The Voice ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆရာဦးမြင့်ကျော် တို့တက်ရောက် ဆွေးနွေးခဲ့ကြပြီး၊ အစီအစဉ် အစပိုင်းတွင် ဆရာဦးကိုကိုက ယခုကဲ့သို့ သတင်းကျင့်ဝတ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရခြင်း အကြောင်းကို ဦးစွာ ပြောကြားခဲ့သည်။

စာနယ်ဇင်းကောင်စီ(ယယီ)၏ အတွင်းရေးမှုးဦးကျော်မင်းဆွေက သတင်းစာဆရာများနှင့် ကျင့်ဝတ် အခန်းကဏ္ဍ ဆိုင်ရာ ဆွေးနွေးဟောပြောခဲပြီး ဆရာဦးမြင့်ကျော်က သတင်းကျင့်ဝတ်ဆိုင်ရာ အချက်အလက် (မူကြမ်း) အကြောင်း တင်ပြဆွေးနွေးခြင်း၊ အနှစ်သာရနှင့် ချဉ်းကပ်ခြင်း အကြောင်း ဆွေးနွေးတင်ပြခဲ့ကြောင်းလည်း တွေ့ရပါသည်။

ယင်းနောက် တက်ရောက်လာကြသော သတင်းသမားများက သတင်းကျင့်ဝတ်မူကြမ်းအား  အုပ်စုငယ်များ ခွဲကာ လေ့လာဆွေးနွေးခဲ့ကြပြီး၊ သုံးသပ်ရရှိမှု အခြေအနေများကို အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြကြောင်းလည်း တွေ့ရပါသည်။

သုံးသပ်ရရှိမှုများနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို စာနယ်ဇင်းကောင်စီယာယီနှင့် ရင်း၇င်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ညနေု(၃(နာရ်ီခွဲခန့်အချိန်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။

အထက်ပါအခမ်းအနားသို့ မကွေးတိုင်းအတွင်းမှ သတင်းသမားများအပြင် မကွးတိုင်းအတွင်းရှိပြန်ဆက်ဦးစီးဌာ နမှ တာဝန်ရှိသူများလည်း တက်ရောက်လာခဲ့ကြောင်းလည်းတွေ့ရပါသည်။

လင်းသက်
The Myanma Age