မင်္ဂလာခန်းဝင်ကြေးကြောင့် ဇနီးဖြစ်သူနှင့်ကလေးအား ခင်ပွန်းဖြစ်သူနှင့်ယောက္ခမတို့က အရှင်လတ်လတ်မီးရှို့သတ်

ပို့စ်တင်ချိန် - 2/05/2014 03:37:00 PM



ဇနီးဖြစ်သူနှင့်ကလေးအား အရှင်လတ်လတ်မီးရှို့ခဲ့ခြင်းကြောင့် ခင်ပွန်းနှင့်ယောက္ခမဖြစ်သူ များကို အရှေ့အိန္ဒိယရှိရဲက များကဖမ်းဆီးခဲ့သည်။
ဇန်နဝါရီ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်သည် မင်္ဂလာခန်းဝင်ကြေးနှင့် ပက်သက် မည်ဟု ယူဆရပြီး သေဆုံးသူအမျိုးသမီး၏ မိဘများကလည်း ထိုကဲ့သို့ စွပ်စွဲထားကြောင်း ဂျာခန်ပြည်နယ် ရဲအဖွဲ့မှ ကြီးကြပ်ရေးမှုး အန်ကေမစ်ရှရာက ပြောကြားခဲ့သည်။

ဒန်ကာခရိုင်ရှိ ၄င်းတို့ရွာအိမ်တွင် အသက် နှစ်ဆယ့်နှစ်နှစ်အရွယ် အန်နျူးဒေဝီနှင့် သူမ၏ကလေးတို့ကို တရားခံသုံးယောက်သည် ရေနံဆီလောင်းကာ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း မစ်ရှရာက ပြောကြားခဲ့သည်။

တစ်နှစ်သားအရွယ်ကလေးမလေးမှာ ချက်ချင်းသေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာ ဒဏ်ရာ များကြောင့် ဆေးရုံတွင် ကွယ်လွန်သွားခဲ့ကာ တရားခံများကိုတော့ ဖမ်းဆီး ထားကြောင်း လည်း ၄င်းက ပြောကြားခဲ့သည်။

“အဓိကအကြောင်းကတော့ မင်္ဂလာခန်းဝင်ကြေးကိစ္စပဲဗျ။ သူ့မိသားစုဘက်က တိုင်တန်းချက် အရတော့ ငွေကိစ္စနဲ့ အခြားကိစ္စတွေကြောင့် နှိပ်စက်နေခဲ့တာတဲ့ဗျ” ဟု မစ်ရှရာ က ပြောကြားခဲ့သည်။

မင်္ဂလာခန်းဝင်ကြေးပေးခြင်းကို အိန္ဒိယ၌ တားမြစ်ထားခဲ့ပြီ ဖြစ်သော်လည်း မင်္ဂလာဆောင်ရာတွင် သတိုးသားဘက်ကို သတိုးသမီးမိသားစုဘက်မှ ခန်းဝင်ကြေးပေးရသည်မှာ ဓလေ့ထုံးတမ်းအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

ဖိုးသူတော်