ပုဒ်မ ၁၄၄

ပို့စ်တင်ချိန် - 2/15/2014 01:35:00 PM


ပုဒ်မ-၁၄၄-ရဲ့  အမိန့် ကို ထုတ်ပြန်လိုက်တာနဲ့  ပြည်သူတွေဟာ လူ( ၅ ) ဦးထက် မစုရတော့ပါဘူး ။ lလူစုပြီဆိုရင် သက်ဆိုင်ရာ အဓိကရုဏ်းနှိမ်နှင်းရေးအဖွဲ့ တွေက လက်နက်ကိုင်အင်အား အပြည့်နဲ့  ဆန္ဒပြလူုစုလူအုပ် ရှေ့မှာ ရှိနေရပါလိမ့်မယ် ။ ဒီ့နောက်မှာ သံဆူးကြိုးတားထားပေးရပါတယ် ။ အရေးပေါ်ဆေးရုံလူနာတင်ကားတွေကို သေသေချချာ ရှိနေရပါလိမ့်မယ် ။ ဆေးရုံမှာလဲ တာဝန်ကျဆရာဝန်တွေကို ပြည့်ပြည့်စုံစုံ ရှိနေရပါတယ် ။ အဲဒီအချိန်မှာ လူအုပ်လူစုက ဆန္ဒပြနေရာက လူ ( ၅ ) ဦးထက်ကျော်ပြီးသား ဖြစ်နေတဲ့ အတွက် ပုဒ်မ္မ-၁၄၄- အမိန့် ကို ချိုးဖေါက်ပြီးသားဖြစ်နေပြီမို့  သံဆူးကြိုးကို ကာထားရာကနေပြီး မကျူးကျော်လာဖို့ ကို လူအုပ်လူစု ကြားအောင် အသံချဲ့ စက်နဲ့  အော်ပြောရပါတယ် ။ ဒါတွေကိုတောင်မှ လူအုပ်လူစုက လက်မခံဘဲနဲ့  သံဆူးကြိုးကာထားတာကို ကျော်ဖြတ်ပြီး အတင်းဝင်ရောက်လာမယ်ဆိုရင် ဒါဟာ ဥပဒေကို ချိုးဖေါက်သွားပြီမို့  ဥပဒေရဲ့ ဒီ၈ရီအတိုင်း ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ် ။ ဒါ့ကြောင့် သံဆူးကြိုးကာထားတာများကို ကျော်ဖြတ်တဲ့ အတွက် ဆန္ဒပြလူအုပ်ကို ပထမဦးစွာ မျက်ရည်ယိုဗုံးကို အသုံးပြုရပါတယ် ။ မျက်ရည်ယိုဗုံးကို အသုံးပြုသော်ငြားလဲ လူအုပ်လူစုက အတင်းရှေ့ဆက်ပြီး အကြမ်းဖက်လှုပ်ရားလာလို့  ထိမ်းမနိုင် သိမ်းမရ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းဖြစ်လာနိုင်တယ်လို့  သတ်မှတ်ရပြီဆိုရင် သေနတ်နဲ့  ပစ်ဖို့  အမိန့် ပေးရတော့မှာဖြစ်ပါတယ် ။ ဒါဟာ ဥပဒေပုဒ်မ္မ-၁၄၄- ရဲ့ အမိန့် ကို ဆောင်ရွက်ရတာဖြစ်တယ် ။ ဒီတော့ခါ သေနတ်နဲ့ ပစ်တဲ့ အခါ မိုးပေါ်ထောင်ပစ်လို့  မရဘူးဆိုတာ ဥပဒေ ပုဒ်မ္မ-၁၄၄- မှာ ဖွင့်ဆိုထားတာပါ ။ လူအုပ်လူစုဟာ သေနတ်နဲ့  ပစ်တဲ့ အခါ မိုးပေါ်ထောင်ပစ်လို့ ရှိရင် သူတို့ ကို တကယ်မပစ်ဘူးဆိုတဲ့  အသိဝင်သွားပြီးတဲ့ နောက် အတင့်ရဲပြီးတော့ နဂိုရ်ထက် အကြမ်းဖက်မှုများကို ပြုလုပ်တတ်တဲ့  အကျင့်ရှိနေတတ်ပါတယ် ။ ဒါကြောင့် သေနတ်နဲ့  ပစ်တဲ့ အခါ လူအုပ် လူစုကို ပစ်ရပါတယ် ။ ပစ်တဲ့ အခါမှာလဲ အဆူအပူဆုံး လူစုကို ပစ်ရပါတယ် ။ ဆန္ဒပြတဲ့ အခါမှာ ခေါင်းဆောင်တွေရှိတဲ့ နေရာဟာ အဆူအပူဆုံး နေရာဖြစ်တာမို့ တည့်တည့်ပစ်ရပါတယ် ။ အဲဒီလိုပစ်ပြီးမှ ထိခိုက်ဒဏ်ရာရတဲ့ သူတွေ သေဆုံးသွားတဲ့ သူတွေကို အရေးပေါ်ဆေးရုံ လူနာတင်ကားနဲ့  ချက်ချင်း တင်ယူသွားရပါတယ် ။ လူအုပ်လူစုဟာ ဒီလိုထိထိရောက်ရောက် ပစ်ခတ်နှိမ်နှင်းမှသာ ရုန်းရင်းဆန်ခတ် အဓိကရုဏ်းဖြစ်နေတာကို ရပ်တန့် ပြီး သူတို့ ရဲ့  အသက်အန္တရယ်ကို စိုးရိမ်ရလာတဲ့ အတွက် နောက်ဆုပ်သွားကြတာမျိုးဖြစ်တတ်ပါတယ် ။ ဒါကြောင့် ပုဒ်မ္မ-၁၄၄- အမိန့် ကို ထုတ်ပြန်ပြီးလို့  ရှိရင် ဒီလို ဥပဒေရဲ့  အကာအကွယ်နဲ့ ဥပဒေရဲ့  အမိန့် ဒီဂရီတွေကို စောင့်ရှောက်ခံယူ လိုက်နာခြင်းနဲ့  တာဝန်ယူခြင်းများကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ် ။ - ပြည်သူတွေက မလိုက်နာလို့  ရှိနေရင် ခုနက တင်ပြထားတဲ့ အတိုင်း ဆောင်ရွက်စရာတွေကို ဆောင်ရွက်ကြပါလိမ့်မယ် ။

ဥပဒေအကြောင်းသိကောင်းစရာ