အရက်သောက်ရင်း စကားများရာမှ ဓါးထိုးမှုဖြစ်

ပို့စ်တင်ချိန် - 2/10/2014 09:42:00 PM


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မကွေး တိုင်းဒေသကြီး၊ သရက်မြို့နယ်၊ အုတ်ရှစ်ကုန်း ရွာနေ ဦးကျော်လေး(၄၄)နှစ်သည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာ တည်းနေ ယောက်ဖဖြစ်သူ လှမင်းထွန်း (၂၉)နှစ်မှာ ဓါးထိုးခံရ၍ဆေးရုံရောက်နေကြောင်း သိရှိရသဖြင့် သွားရောက် ကြည့်ရှု ခဲ့သည်။ ဖြစ်စဉ်မှာ လှမင်းထွန်းသည် တစ်ရွာတည်းနေ ဝင်းအောင်(၄၈)နှစ်၏နေအိမ်၌ အရက် အတူသောက်စားပြီး စကား များရာ ဝင်းအောင်မှ ဓါးဖြင့်ထိုးခဲ့၍ လှမင်းထွန်းတွင် ယာတံတောင် တွင်ပြတ်ရှဒဏ်ရာ၊ ယာ လက်မောင်းနှင့် ရင်ညွန့် အလယ် ထိုးသွင်းဒဏ်ရာ များရရှိခဲ့သဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့သောကြောင့် ဝင်းအောင် အား ဘော်နယ်မြေရဲစခန်း (ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။

MOI Webportal Myanmar