ဘာသာရေး ကိုးကွယ်မှုဟူသည် မွေးရာပါ အခွင့်အရေးဟု လွှတ်တော်အမတ် ထောက်ပြ

ပို့စ်တင်ချိန် - 2/01/2014 07:30:00 PM

ဓာတ်ပုံ - မြန်မာနိုင်ငံ ကိုးကွယ်မှုပြ ဇယား

စိုးသန်းလင်း၊ မင်းမင်း|ဇန်န၀ါရီ ၃၁၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်

၂၀၁၄-၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ သာသနာရေးဝန်ကြီးဌာန၏ မူနှင့်လုပ်ငန်းစဉ်များ အပေါ် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရာ ဥပဒေကြမ်း၏ ရည်မှန်းချက်ပါ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန်္ဒူ နှင့် နတ်ကိုးကွယ်မှုများအား လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုရန်” ဟူသည့် စာသားကို ဖြုတ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အကြံပြုဆွေးနွေးခဲ့သည်။

“အဲ့ဒီ စာသားတွေကို ပယ်ဖျက်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာသားမှာ ဗုဒ္ဓဘာသာကို မထည့် ထားတာဟာ တခြားဘာသာတွေကို ကွပ်ကဲသလိုဖြစ်သွားတယ်။ နောက်ပြီး သာသနာရေးဝန်ကြီးဌာန က ခွင့်ပြုမှ ကိုးကွယ်ရမှာ မဟုတ်ပါဘူး။ ဒါဟာ မွေးရာပါအခွင့်အရေးပဲ။ ကိုယ့်ရဲ့ ဘာသာကို ခွင့်မပြု လည်း ကျွန်တော်တို့ကတော့ အသေခံပြီး ကိုးကွယ်သွားမှာပါ” ဟု ချင်းပြည်နယ် မဲဆန္ဒနယ် (၂) မှ လွှတ် တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ထောက်ပြပြောကြားခဲ့သည်။

ထို့အပြင် သာသနာရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များတွင်ပါဝင်သော သာသနာပြု လုပ်ငန်းများ အားလုံး ကို ပယ်ဖျက်ပေးသင့်ကြောင်းလည်း ၎င်းက တောင်းဆိုခဲ့သည်။

“သာသနာပြုအလုပ်ဟာ အစိုးရအလုပ် မဟုတ်ပါဘူး။ အစိုးရဟာ အခြေခံဥပဒေမှာပါတဲ့အတိုင်း ဘာသာ ပေါင်းစုံကို ကူညီဖို့ပဲ ဖြစ်ပါတယ်။ ဒီတော့ သာသနာပြုရန် ရည်ရွယ်တဲ့ပုဒ်မတွေကို အကုန်လုံး ပယ်ဖျက် ပေးစေချင်ပါတယ်” ဟု ဦးဇုန်လှယ်ထန်းက ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် အစိုးရအဖွဲ့သို့ တောင်း ဆိုခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၃တွင် “ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာနှင့် ဟိန္ဒူဘာ သာတို့ကို တတ်နိုင်သမျှ အားပေးကူညီစောင့်ရှောက်မည်” ဟု ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံတွင်းရှိ ဘာ သာစုံတို့အား ဥပဒေနှင့်အညီ မျှမျှတတ ကျယ်ကျယ်ပြန့်ပြန့် ကူညီနိုင်ရန်အတွက်လည်း မင်းတပ်မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်းက ဆွေးနွေးအကြံပြုခဲ့သည်။

“ဘာသာ သာသနာများကို ဥပဒေနဲ့ အညီ တရားမျှတစွာ ကူညီဆောင်ရွက်နိုင်ဖို့ သာသနာရေးဝန်ကြီး ဌာနကို တိုးချဲ့ဖွဲ့ စည်းသင့်ပါတယ်” ဟု ၎င်းကပြောခြင်းဖြစ်သည်။

လက်ရှိ သာသနာရေးဝန်ကြီးဌာန ဖွဲ့စည်းပုံတွင် ဦးစီးဌာနများတိုးချဲ့ကာ ဗုဒ္ဓဘာသာ သာသနာရေးဦးစီး ဌာန၊ အစ္စလာမ် ဘာသာသာသနာရေးဦးစီးဌာန၊ ဟိန္ဒူဘာ သာသာသနာရေးဦးစီးဌာနနှင့် နတ်ကိုးကွယ် မှုဆိုင်ရာ ဦးစီးဌာနစသဖြင့် တိုးချဲ့ဖွဲ့ စည်းသင့်သည်ဟု ၎င်းကရှင်းလင်းပြောသွားသည်။

Mizzima Burmese