မလေးသွားဘင်္ဂလီ ၁၈၁ ဦး ပင်လယ်ပြင်တွင် အဖမ်းခံရ

ပို့စ်တင်ချိန် - 2/11/2014 05:01:00 PM


မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းမှ တဆင့် တရားဝင်သွားသူ ဘင်္ဂလီ ၁၈၁ ဦးကို စက်လှေကြီး တစ်စီးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်နှင့် ရေတပ်က ပင်လယ်ပြင် တစ်နေရာတွင် ဖမ်းဆီးလိုက်သည်။

၎င်းတို့အား နတ်မြစ်ဝရှိ စိန်မာတင်ကျွန်း ( မြန်မာအခေါ် အုန်းကျွန်း) ၏ အရှေ့ဘက် ပင်လယ်ကမ်းခြေတွင် စက်လှေကြီး တစ်စီးပေါ်မှ ယနေ့ အင်္ဂါနေ့နံနက် (၅) က သတင်းအရ ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။

သူတို့သည် မောင်တောမြို့နှင့် မျက်နာချင်းဆိုင် တက်ကနက် ပင်လယ်ကမ်းခြေမှ ထွက်ခွာလာကြသူများ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ တပ်မှူး ဒီဝန် ရာဖိကုလ် အဏ္ဍ၀ါကပြောသည်။

(နိရဉ္စရာ- ၁၁ ဖေဖေါ်ဝါရီလ ၂၀၁၃)