ပိုင်နက်အငြင်းပွားမှုကြောင့် တိုက်ခိုက်မှု ဖြစ်ပါက ဂျပန်နိုင်ငံကို ကာကွယ် သွားမည်ဟု အမေရိကန် ပြောကြား

ပို့စ်တင်ချိန် - 2/09/2014 10:07:00 AM




အမေရိကန် ကာကွယ်ရေး ၀န်ကြီး John Kerry နှင့် ဂျပန် နိုင်ငံခြားရေး ၀န်ကြီး Fumio Kishida တွေ့ဆုံစဉ်
ဝါရှင်တန် ၊ ၈-၂-၂၀၁၄

အာရှ အင်အားကြီး နိုင်ငံနှစ်ခု အကြား တင်းမာမှုများ မြင့်တက် နေစဉ်အတွင်း တရုတ်နိုင်ငံ က ၄င်းတို့ ပိုင်နက်ဟု အခိုင်အမာ ပြောကြား ထားသည့် ကျွန်းဆွယ်များ နှင့် ပတ်သက်၍ တိုက်ခိုက်မှုများ ဖြစ်ပေါ် လာပါက အမေရိကန် ပြည်ထောင်စု အနေဖြင့် ဂျပန်နိုင်ငံ ကို အကာအကွယ် ပေးရလိမ့်မည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဂျွန်ကယ်ရီက ယမန်နေ့တွင် ပြောကြား ခဲ့ကြောင်း AFP သတင်းတစ်ရပ် အရ သိရသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ သည် ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဖူမီအိုကီရှိဒါ နှင့် ၀ါရှင်တန်မြို့ တွင် ဖေဖော်ဝါရီ ၇ ရက်က တွေ့ဆုံခဲ့ပြီး ၁၉၆၀ စာချုပ်အရ အမေရိကန် ပြည်ထောင်စု အနေဖြင့် ၄င်းတို့၏ မဟာမိတ် နိုင်ငံပေါ်တွင် ကာကွယ်ရန် တာဝန် ရှိကြောင်း ထပ်လောင်း အတည်ပြု ပြောကြား ခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံ သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ တွင် အရှေ့ တရုတ်ပင်လယ် ပိုင်နက် အများစု ကို လေကြောင်း ကာကွယ်ရေး အထူးဇုန် တစ်ခု အဖြစ် သတ်မှတ် ပြဌာန်း ခဲ့သည်။

တရုတ်နိုင်ငံ သည် အရှေ့ တရုတ်ပင်လယ် တွင် ယင်းသို့ အထူးဇုန် သတ်မှတ် ခဲ့သည့်နည်းတူ တောင်တရုတ် ပင်လယ်၌ အလားတူ လေကြောင်း ကာကွယ်ရေး ဇုန်မျိုးကိုလည်း သတ်မှတ် သည်ကို အမေရိကန် ပြည်ထောင်စု နှင့် ၄င်း၏ မဟာမိတ် နိုင်ငံများက စိုးရိမ် ပူပန်လျက် ရှိသည်ဟု သိရှိရသည်။ ( အေအက်ဖ်ပီ )

The Myawady Daily