ဘီယာ များများ သောက်ပါက ရင်သား ကင်ဆာ ဖြစ်နိုင်

ပို့စ်တင်ချိန် - 2/17/2014 10:47:00 AM


တစ်နှစ်လျှင် ဘီယာ၂ ပိုင့်ထက် ပိုများပါက ရင်သား ကင်ဆာ ဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာချက် တစ်ခုအရ တွေ့ရှိ လာပါပြီ။ အရက်ဆိုင်ရာ ကျန်းမာရေး မဟာမိတ် အဖွဲ့ ဥက္ကဌ ပါမောက္ခ ဆာအိုင်ယန်

ဂယ်လမိုး ပြောပြချက်အရ အမျိုးသမီး တွေမှာတစ်နေ့လျှင် ဝိုင်တစ်ဖန် ခွက်နှုန်း သောက်တာတောင်မှ ရင်သားကင်ဆာ ဖြစ်နှုန်း သိသာစွာ မြင့်တက် နေကြောင်း ဖော်ထုတ် လိုက်ပါတယ်။

အမျိုး သမီးတွေ အတွက် တစ်နေ့လျှင် ဝိုင်တစ်ဖန်ခွက် သောက်ခြင်းဟာ အစိုးရက ထုတ်ပြန်တဲ့ လမ်း ညွှန်ဖြစ် ပါတယ်။ ထိုသုတေသန အဖွဲ့အပြင် ဆေးတက္ကသိုလ်ပေါင်း ၃၀ နှင့် အခြား သိပ္ပံ တက္ကသိုလ်များမှ ထုတ်ပြန်ချက် အရ ကင်ဆာ ကာကွယ်ခြင်း အတွက် စိတ်ချရတဲ့ ပမာဏမျိုး အကြိမ် ၆၀ဝ ခန့် သောက်သုံး ခဲ့ပြီးပါကလည်း ရင်သား ကင်ဆာဖြစ်နိုင်ခြေများ သေးတယ်လို့ ဆိုလာကြပါပြီ။ ဘာကြောင့်လဲ ဆိုတော့ အရက် တွေမှာ အီသနော၊ အက်စီတော ဒီဟိုက်နှင့် အဆိပ်တွေ၊ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတု ပစ္စည်းတွေ ပါဝင်ပြီး အာနိသင်ပြင်းလှတယ် လို့ဆိုတယ်။

ဗြိတိန်နိုင်ငံ သားတွေ တစ်နှစ်လျှင် ၄၅၀ဝ ခန့်မှာ အရက်ကြောင့် ဖြစ်တဲ့ ကင်ဆာ ရောဂါတွေ ဥပမာ အူမကြီး ကင်ဆာ အသည်း ကင်ဆာ၊ အစာရေ မျိုကင်ဆာ၊ရင်သား ကင်ဆာ နှင့် အစာဟောင်း အိမ်ကင်ဆာတို့ ဖြစ်ပွား နေကြောင်း ဖော်ထုတ်ပြောကြား ခဲ့ပါတယ်။

mwd