မော်တော်ကားဈေးကွက်အတွင်း စလစ်ဈေးပုံမှန်သာရှိ

ပို့စ်တင်ချိန် - 2/01/2014 03:49:00 PM


မော်တော်ကားဈေးကွက်အတွင်း စလစ်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်မှာလည်း ပုံမှန်အနေအထားတွင်သာရှိသည်ဟု ကားဝယ်ရောင်း ပြုလုပ်သူများ၏ ပြောပြမှုမှ သိရသည်။

ယခုနှစ်အစောပိုင်းတွင် QQ 3 ကားများအပ်နှံခွင့်ပြုခဲ့သဖြင့် စ လစ်ဈေးများ အနည်းငယ်ကျဆင်းခဲ့ပြီး ယခုအခါ ပုံမှန်ဈေးသို့ ပြန်ရောက်နေသည်ဟု သိရသည်။

“စလစ်ဈေးက QQ တွေ အအပ်လက်ခံတယ်ဆိုတုန်းက ၄၊ ၅ သိန်းလောက်ကျသွားတယ်။ ယခု ၉၄၊ ၉၅ ဝန်းကျင်ပြန်ဖြစ်နေပြီ။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ။ စလစ်ကတော့ ဒီပုံစံအတိုင်းဆို မကျနိုင်သေးဘူး။
ဈေးကတော့ ဒီထက်မတက်နိုင်တော့ဘူး။ QQ တွေ အပ်တာနည်းတယ်လို့ ကြားတယ်။ QQ စလစ်တွေကို လူတွေ သိပ်စိတ်မဝင်စားဘူး။ အဲဒါကြောင့် ဈေးပြန်တက်လာတာ” ဟု ကားဝယ်ရောင်းပြုလုပ်နေသူ ကိုအောင်မျိုးသူက ပြောသည်။

ယခုနှစ်တွင် မော်တော်ယာဉ်များကို သက်တမ်းအလိုက် အပ်နှံခွင့်ပြုမည်ဟု ကြေညာထားသော်လည်း ယခုအချိန်ထိ မူဝါဒ အတိအကျ ထွက်ပေါ်လာခြင်း မရှိခြင်းကြောင့် စလစ်ဈေးများ တက်နေခြင်းဖြစ်သည်ဟု
သိရသည်။
-ကိုဟိန်း
Internet Journal