အိပ်ရေးပျက်ခြင်းနှင့်ကျန်းမာရေး

ပို့စ်တင်ချိန် - 2/12/2014 10:59:00 PM


ဟင်းသီးဟင်းရွက် ၀ယ်တဲ့အခါ အရသာရှိတဲ့ ကိတ်မုန့်တွေနဲ့ မုန့်ပဲသရေစာတွေ မ၀ယ်မိစေဖို့ ထိန်းချုပ်ရတာ တခါတရံ အရမ်းခက်ခဲပါတယ်။

ဒီလိုမဖြစ်စေဖို့ အောက်ပါ အချက်အလက်တွေကို ရှောင်ရှားသွားဖို့ လိုအပ်ပါတယ်။

● အိပ်ရေးပျက်ခြင်းဟာ သင့်အတွက် အစားအစားတွေ ပိုပြီး ၀ယ်မိစေအောင် ဆွဲဆောင်နိုင်ပါတယ်။ မကြာသေးမီက သုတေသနပြုချက်အရ အိပ်ရေးပျက်ရေးခြင်းနဲ့ အစားအစာတွေ အများကြီး ၀ယ်ယူခြင်းတို့ဟာ သိပ္ပံနည်းအရ အမှန်တကယ် ဆက်စပ်မှု ရှိနေပါတယ်။ Obesity ဂျာနယ်မှာ ရေးသားထားချက်အရ အိပ်ရေးပျက်ခြင်းဟာ စဉ်းစားချင့်ချိန်နိုင်မှုကို လျော့ကျစေနိုင်ပြီး ဆာလောင်မှုကို ပိုမိုဖြစ်စေတယ်လို့ လေ့လာ သုံးသပ်ထားပါတယ်။

● အိပ်ရေးပျက်ခြင်းနဲ့ ဟောမုန်းဓာတ် မညီမျှခြင်းဟာလည်း အစားအစာတွေ ပိုဝယ်ချင်အောင် တိုက်တွန်း နေပါတယ်။ လူတစ်ယောက်ဟာ အိပ်ရေးပျက်ပြီးတဲ့အခါ ဂရက်လင်လို့ခေါ်တဲ့ ဟော်မုန်းဓာတ်ရဲ့ ပါဝင်မှုတွေ ပျက်ယွင်းပြီး အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေတာကို တွေ့ရှိရပါတယ်။ ဒီအခါမှာတော့ ဟော်မုန်းဓာတ် မညီမျှမှုတွေ ပေါ်ပေါက်ပြီး မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း နည်းပါးကာ ကယ်လိုရီ တိုက်ဖျက်မှုကိုလည်း ရှောင်ရှားဖို့ အရမ်းလွယ်ကူသွားပါပြီ။

● သင့်ရဲ့ အစားအစာ ရွေးချယ်စားသောက်မှုဟာ အခန့်မသင့်ရင် အစားအစာတွေ ပိုမိုဝယ်ဖြစ်စေပါတယ်။

၂၀၁၃ ခုနှစ်က ကယ်လဖိုးနီးယား တက္ကသိုလ်ရဲ့ လေ့လာသုံးသပ်ချက်အရ အိပ်ရေး၀၀ မအိပ်ရတဲ့အတွက် နောက်ဆက်တွဲ ပြဿနာအနေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို မှားယွင်းရွေးချယ် မိစေတယ်လို့ သိရှိရပါတယ်။

ဒါကြောင့် ရက်သတ္တပတ်လုံး ပုံမှန်အိပ်စက်နိုင်အောင် မိမိကိုယ်ကို လေ့ကျင့် ပျိုးထောင် သွားရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မိမိရဲ့ ခန္ဓာကိုယ်အတွင်း မလိုအပ်တဲ့ ကယ်လိုရီတွေ လျှော့ချနိုင်တဲ့အပြင် ခန္ဓာကိုယ် အချိုး အဆစ်ကိုလည်း ထိန်းသွားနိုင်ကြောင်း huffington post ဆောင်းပါး တစ်ပုဒ်ကို ဘာသာပြန်ဆို တင်ဆက် လိုက်ရခြင်း ဖြစ်ပါတယ်။

MOI Webportal Myanmar