သတင်းထဲက...အင်္ဂလိပ်စာ (၃)

ပို့စ်တင်ချိန် - 2/16/2014 10:26:00 AM



မီဒီယာခေတ်ကြီးမှာ သတင်းအင်္ဂလိပ်စာ တတ်ဖို့လည်း လိုတာမို့ သတင်း လေးတွေကို တစ်ရက်တစ်ပုဒ် ဖတ်လာတာ ဒီနေ့ ဆို (၃)ပုဒ်ရှိပါပြီ။ တစ်လ လောက် ဆက်ဖတ်လိုက်တာနဲ့ အင်္ဂလိပ်သတင်းမှန်သမျှ အကုန်ဖတ်နိုင်တဲ့ အဆင့်ရောက်မှာ မလွဲပါဘူး။ သတင်းကို ဘာသာပြန်တဲ့အခါ..ထူးခြားချက် လေးတွေကို မှတ်ထားပါ။ သတင်းဖတ်နည်း ၊ ဘာသာပြန်နည်းကိုလည်း ကြားညှပ်ပြီး တင်ပေးပါဦးမယ်။အင်္ဂလိပ်စာ ထူးချွန်ကြပါစေ။

(1)
Haiti marked four years on Sunday since a violent earthquake shattered the impoverished nation, which is still struggling to recover from the widespread devastation that killed 250,000 people.
ဆင်းရဲမွဲတေသောဟေတီနိုင်ငံတွင် လူ ၂၅၀၀၀ သေဆုံးစေခဲ့သော ငလျင် ကြီး လှုပ်ခတ်ခဲ့သည်မှာ ဇန်န၀ါရီ ၁၂ ရက်က လေးနှစ်ပြည့်ခဲ့သော်လည်း.. ပြန် လည် ထူထောင်ရေးအတွက် ရုန်းကန်နေရဆဲပင် ဖြစ်သည်။

(2)
Haitians, many dressed in white, flocked to church services for somber remembrances for those who perished in the tragedy on January 12, 2010, which left about a million people homeless.But four years on, nearly 200,000 people are still living in dire conditions in temporary shelters, and
residents complain of having received little help since NGOs left.
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၁၂ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ဆိုးအတွင်း သေဆုံးခဲ့သူများအတွက် ဘုရားကျောင်းတွင် ကျင်းပသည့် အောက်မေ့ ၀တ်ပြုပွဲများသို့ အဖြူရောင်ဝတ်ဆင်ထားကြသော ဟေတီနိုင်ငံသား အများအပြားက တက်ရောက်ခဲ့ကြသည်။လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သော ငလျင်လှုပ်ခတ်မှု လေးနှစ်ကြာပြီး ဖြစ်သော်လည်း လူ၂၀၀၀၀၀ နီးပါးသည် ယာယီတဲများတွင်နေရဆဲ ဖြစ်သည်။ အင်ဂျီအိုတို့ ထွက်သွားပြီးနောက် အကူအညီ အနည်းငယ်သာရရှိခဲ့သည့် ဒေသခံများက မကျေနပ်ခဲ့ကြပေ။

(3)
President Michel Martelly, who has faced protests over the slow pace of rebuilding, declared the anniversary a "day of reflection and commemoration."He lay flowers early in the day at the site of a mass grave where many of the quake's victims were buried.And he attended a ceremony at 4:53 pm (2153 GMT),
the moment the quake struck four years ago.
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှေးကွေးခြင်းအတွက် ဟေတီသမ္မတ မစ်ချယ်မာတယ်လီသည် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ဟေတီသမ္မတ သည် ဇန်န၀ါရီး ၁၂ ရက်တွင် သေဆုံးခဲ့သူအများအများအပြားကို မြှုပ်နှံ ထားသည့်နေရာတွင် လွမ်းသူ့ပန်းခွေ ချခဲ့သည်။လျွန်ခဲ့သည့် လေးနှစ်က ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၃ မိနစ်တွင် ပြုလုပ် ခဲ့သော အောက်မေ့ဖွယ် အခမ်းအနားသို့လည်း သမ္မတကတက်ရောက်ခဲ့ သည်။

(4)
Flags were to be lowered throughout the country and businesses closed to mark the anniversary, while radio and television stations were encouraged to broadcast programming suitable to the emotional occasion.
နိုင်ငံတစ်ဝှမ်း ငလျင်လှုပ်ခတ်မှု လေးနှစ်ပြည့်တွင် ၀မ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် အလံများကိုနှိမ့်ချလွှင့်ထူထားကြသည်။ စီးပွားရေးလုပ်ငန်း များလည်း ပိတ်ထားခဲ့ကာ ရေဒီယိုနှင့် ရုပ်သံများက ငလျင်နှင့် သက်ဆိုင် သည့် အစီအစဉ်များ ထုတ်လွှင့်ခဲ့သည်။

(5)
The government says a large portion of millions donated by governments and organizations the world over was spent on the post-earthquake emergency and not for reconstruction.
ကမ္ဘာတစ်ဝှမ်း အစိုးရများနှင့် အဖွဲ့အစည်းများက လှူဒါန်းခဲ့သော အမေရိ ကန်ဒေါ်လာ သန်းပေါင်းများစွာအနက် အမြောက်အများကို ငလျင်အလွန် အရေးပေါ်အခြေအနေ လုပ်ငန်းစဉ်များအတွက် သုံးစွဲခဲ့ပြီး ..ပြန်လည်ထူ ထောင်ရေးအတွက် မသုံးခဲ့ကြောင်း ဟေတီအစိုးရက ကြေညာခဲ့သည်။

(6)
ွှThe Prime Minister Lamothe criticized the international community for failing to provide promised aid of nearly $9 billion.
ဒေါ်လာကိုးဘီလီယံနီးပါး ကူညီမည်ဟု ကတိပျက်ကွက်ခဲ့သော နိုင်ငံတကာ ကို ၀န်ကြီးချုပ် လောရင့်လာမိုသီက ဝေဖန်ခဲ့သည်။

(7)
Haiti has recently seen an increase in anti-government protests, some breaking out into violent clashes.Protesters have called for the resignation of Martelly, who has been in office since 2011, and are also demanding better living conditions.Some 42 public buildings were among those flattened during the earthquake, and most are still
lying wrecked.
ဟေတီတွင် အစိုး၇ဆန့်ကျင်ရေး ဆန္ဒပြပွဲများ မြင့်တက်လာပြီး အချို့မှာ အကြမ်းဖက်မှုအသွင် ပြောင်းလဲခဲ့သည်။ဆန္ဒပြသူများက ၂၀၁၁ ခုနှစ်က
တည်းက တာဝန်ထမ်းဆောင်ခဲ့သည့်သမ္မတ မာ့တယ်လီကို ရာထူးမှ နှုတ်ထွက်ပေးရန်နှင့် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားအောင် လုပ်ဆောင် ပေးရန် တောင်းဆိုခဲ့ကြသည်။ငလျင်လှုပ်ခတ်စဉ်က ပြည်သူပိုင် အဆောက် အဦး ၄၂ လုံး ပြိုကျခဲ့ပြီး အများစုမှာ အပျက်အစီးအပုံတိုင်း တည်ရှိနေဆဲ ဖြစ်သည်။

........................................................................ကိုကိုထွန်း (ပုသိမ်)

အင်္ဂလိပ်ဘာသာ လေ့လာစရာ