ယာဉ်နောက်ဆုတ်မောင်းနှင်စဉ် ကလေးငယ်အားကြိတ်မိ၍သေဆုံး

ပို့စ်တင်ချိန် - 2/22/2014 11:12:00 PM


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့၊ အမှတ်(၁)စံပြရပ်ကွက် အတွင်း ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ စေတုတ္တရာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ စေတုတ္တရာမြို့၊ အမှတ်(၁) စံပြရပ်ကွက်နေ သီဟစိုး(ခ)သားစိုး(၂၀)နှစ်သည် ၎င်းမောင်းနှင်သည့် ၁က/××××× အီဇူးဇူး အဝါရောင် (၆)ဘီးယာဉ်အား နောက်ဆုတ်မောင်းနှင်စဉ် လမ်းဖြတ်ကူးလာသည့် တစ်ရပ်ကွက်တည်းနေ မောင်ဇေယျာလွင် (၅)နှစ်အား ယာဉ်၏ ယာဘက်နောက်ဘီးဖြင့် ကြိတ်မိ၍ မောင်ဇေယျာလွင်မှာ ဦးခေါင်းဝဲ/ ယာချိုစောင်း ပေါက်ပြဲကြေမွ၊ ဦးနှောက်ထွက် ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း သိရှိရသဖြင့် သီဟစိုး(ခ)သားစိုးအား စေတုတ္တရာမြို့မ ရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar