(၂၆) ကြိမ်မြောက် ကမ္ဘာ့စွန်အလှပြ ပြိုင်ပွဲသို့ မြန်မာဝင်ရောက် ယှဉ်ပြိုင်မည်

ပို့စ်တင်ချိန် - 2/16/2014 09:56:00 PM




ရန်ကုန် ၊ ၁၆-၂-၂၀၁၄

မလေးရှား နိုင်ငံတွင် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်ထိ ကျင်းပမည့် (၂၆) ကြိမ်မြောက် ကမ္ဘာ့စွန်အလှပြ ပြိုင်ပွဲသို့ မြန်မာ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲဥို့ လက်ရှိ အချိန်၌ မြန်မာ့ရိုးရာ အားကစား အဖွဲ့ချုပ် ၏ စွန်အလှ ၀ါသနာရှင် အားကစား သမား ၂ ဦး သွားရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ့စွန် အလှပြ ပြိုင်ပွဲဝင် အားကစား သမားများ ပေါ်ထွန်းလာ စေရေး အတွက် မြန်မာ့ရိုးရာ စွန်အလှပြ ပြိုင်ပွဲနှင့် စွန်ဖြတ် ပြိုင်ပွဲများကို ဧပြီလတွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာ အားကစား အဖွဲ့ချုပ် မှ သိရသည်။

၎င်းပြိုင်ပွဲကို စွန် ဝါသနာရှင်များ အဆင့်နှင့် ပညာရှင်များ အဆင့်ဟူ၍ ခွဲခြားထားရာ မြန်မာ တစ်နိုင်ငံလုံးမှ စွန် အားကစား ဝါသနာ ပါသူများ ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း၊ အလှပြမည့် စွန်များ၏ ကုန်ကျ စရိတ်ကို မြန်မာနိုင်ငံ ရိုးရာ အားကစား အဖွဲ့ချုပ် က ထောက်ပံ့ ပေးမည် ဖြစ်ကြောင်း နှင့် မြန်မာ့ရိုးရာ နည်းအတိုင်း ကိုယ်တိုင် ပြုလုပ် ထားသည့် စွန်ဖြင့် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း သိရသည်။

ထိုပြိုင်ပွဲ အတွက် စည်းကမ်း သတ်မှတ်ချက် များကို မတ်လ ၇ ရက်တွင် ရေးဆွဲမည် ဖြစ်သောကြောင့် ပြိုင်ပွဲဝင် လိုသူများ အနေနှင့် အောင်ဆန်း အားကစားကွင်း ရှိ ရိုးရာ အားကစား အဖွဲ့ချုပ်ရုံးသို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရသည်။ စွန် အလှပြ ပြိုင်ပွဲနှင့် စွန်ဖြတ် ပြိုင်ပွဲကို ကျိုက္ကဆံ အားကစားကွင်း ၌ ကျင်းပရန် သတ်မှတ်ထားပြီး ပြိုင်ပွဲ ဝင်ကြေးကို ပြိုင်ပွဲ မတိုင်မီ ထုတ်ပြန် ပေးမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ခုနှစ် က ကျင်းပခဲ့သည့် စွန်အလှပြ နှင့် စွန်ဖြတ် ပြိုင်ပွဲတွင် ဝါသနာရှင် ၁ဝ ဦး နှင့် စွန်ဖြတ် ပြိုင်ပွဲတွင် အားကစား သမား ဦးရေ ၂ဝဝ ကျော် ယှဉ်ပြိုင်ကစား ခဲ့ကြကြောင်း သိရသည်။ (ကျော်လွင်)
Myawady News