ကြည်းတပ်၊ လေတပ် ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု

ပို့စ်တင်ချိန် - 2/26/2014 03:25:00 PM






- စစ်ပွဲတွေ ဖြစ်နေတဲ့ မြန်မာပြည်မှာ စစ်ရေးလေ့ကျင့်မှုကြီးတခု အင်္ဂါနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။
စစ်ဖြစ်တာက အချင်းချင်းဖြစ်တာပါ။
အခု ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကတော့ ပြည်ပက ကျူးကျော်လာတာကို တိုက်ထုတ်ဖို့ လေ့ကျင့်တာဖြစ်ဖွယ်ရှိပါတယ်။
လေ့ကျင့်မှုမှာ    "ရဟတ်ယာဉ်များ၊ တိုက်လေယာဉ် များဖြင့် ရန်သူ့ ပစ်မှတ်နေရာ အသီးသီးအား ကြိုတင် ချေမှုန်းခြင်း၊ အမြောက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊
အတွဲလိုက် ဒုံးများ ပစ်ခတ်ခြင်း၊ ခြေလျင်အကူ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ" ပါဝင်တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ဘယ်နေရာမှာ လေ့ကျင့်တယ် ဆိုတာကို ထုတ်မရေးပေမယ့် မိတ္ထီလာတပ်နယ်က အရာရှိတွေလည်း တက်ရောက်ကြောင်း ဖော်ပြထားတဲ့အတွက်  မိတ္ထီလာမြို့မှာလုပ်ခဲ့တယ်လို့ စာဖတ်သူတို့က လွယ်လွယ်ကူကူ သဘောပေါက်ကြမယ် ထင်ပါတယ်။

(ဒီဓာတ်ပုံတွေကို ဘယ်နေရာက ယူတယ်၊ စာဖတ်သူတချို့က ဘယ်လို မှတ်ချက်ပြုကြတယ် ဆိုတာတွေကို ခဏနေ ဖြည့်စွက် ဖော်ပြပါ့မယ်)

arrawady