အိန္ဒိယနိုင်ငံ ဟီရာကဒ်ဆည်တွင် လှေမြုပ်၊ အနည်းဆုံး ၁၀ ဦး သေဆုံး

ပို့စ်တင်ချိန် - 2/12/2014 01:45:00 AM


အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြဒစ်ရှပြည်နယ် ဟီရာကဒ်ဆည်အတွင်း လူအလွန်အကျွံ တင်ဆောင်လာတဲ့ လှေတစီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က တိမ်းမှောက်ရာက ပျော်ပွဲစား ထွက်လာသူ အနည်းဆုံး ဆယ်ဦး သေဆုံးပြီး တခြား ၇ ဦး ပျောက်ဆုံးနေပါတယ်။

လူအယောက် ၁၂၀ နီးပါး တင်ဆောင်လာတဲ့ လှေမှောက်တာ ဖြစ်ပါတယ်။ အနည်းဆုံး လူ ၈၅ ဦးကို ဘေးကင်းအောင် ကယ်နိုင်ခဲ့တယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတုန်းပဲလို့ ရဲအရာရှိ အမစ်တာဘာ ပန်ဒါက ပြောပါတယ်။

ပျော်ပွဲစားထွက်သူတွေ ဆည်ရဲ့ တခြားဘက်ကနေ ပြန်အလာမှာ မတော်တဆ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ကမ္ဘာ့အရှည်ဆုံး မြေသားတမံဆည်တွေထဲကတခုဖြစ်တဲ့ ဟီရာကဒ်ဆည်ထဲမှာ ဆောင်းရာသီဆိုရင် နယ်ပြောင်းကျက်စားကြတဲ့ ငှက်အမျိုးအစားအတော်များများကို တွေ့နိုင်လို့ ခရီးသည်တွေ လည်ပတ်လေ့ ရှိပါတယ်။

DVB Burmese