ခုတ်ဖြတ်ခဲ့သည့်သစ်ကိုင်းမှ လျှပ်စစ်ကြိုးပေါ်ကျကာ ဓါတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 2/15/2014 07:13:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ၁၄.၂.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန် မှော်ဘီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် မှော်ဘီဆေးရုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးရောက်ရှိ နေကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မှော်ဘီမြို့နယ်နေ ကိုတေဇာမြင့်ဦးဖြစ်ပြီး ၎င်းတွင် ၀ဲ/ယာလက်ဖျံ၊ ၀ဲ/ယာလက်ထိပ်များ၊ ယာခြေဖမိုးတို့တွင် အရေပြားပွန်းပဲ့ဒဏ်ရာများ၊ ၀ဲ/ယာမျက်လုံးသွေးခြေဥဒဏ်ရာတို့ရရှိထားသည်ကို တွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၆၅၀ အချိန်ခန့်က မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ ရုံးပေါက်လမ်းရှိ ဦးလေးဖြစ်သူ၏ခြံလွတ်အား အခြားသူများနှင့်အတူ ရှင်းလင်းရာတွင် မလေးရှားပိတောက်ပင်မှ သစ်ကိုင်းများကို အမြင့်(၈)ပေခန့်ရှိ သစ်ပင်ခွဆုံသို့တက်ရောက်၍ ခုတ်ထွင်ရှင်းလင်းစဉ် သစ်ကိုင်းမှာ ၃၃၀၀၀ ဗို့အားရှိ လျှပ်စစ်ကြိုးများ ပေါ်သို့ကျကာ သစ်ပင်ခွဆုံတွင်ပင် ဓါတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၄)ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police