အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရဲ့ ပထမဆုံး 'ဆေးခြောက်တက္ကသိုလ်' ဖွင့်လှစ်

ပို့စ်တင်ချိန် - 2/11/2014 08:56:00 AM


Angel on 2014-02-10 14:00
ဖလော်ရီဒါပြည်နယ်မှာ ရှိတဲ့ မဲပေးသူတွေဟာ ဖလော်ရီဒါမှာ ဆေးခြောက်ကိုတရားဝင်ခွင့်ပြုမိန့်  ချမှတ်မလားဆိုတာကို နိုဝင်ဘာလအထိစောင့်ဆိုင်းနေရချိန်မှာ၊ ဂျရယ်မီး ဘတ်ဖို့ ဒ် ဆိုသူ ပရော်ဖက်ဆာ တစ်ယောက်ဟာ တမ်ပါမြို့ မှာ ဆေးခြောက်တက္ကသိုလ် ကို ပထမဆုံးဖွင့်လှစ်လိုက်ပါတယ်။ ဆေးခြောက်ကို ဆေးဘက်ဝင်အသုံးချမယ့် အသိပညာဗဟုသုတတွေကို ဖြန့် ဝေပေးဖို့ အတွက် ရည်ရွယ်ပါတယ်လို့  ABC သတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေကြားထားပါတယ်။
“အမှောင်ဘက်ခြမ်းရောက်နေတဲ့ ဒီဆေးခြောက်ကို အလင်းထဲပြန်ခေါ်သွင်းကြပါစို့ ” လို့  ‘ဆေးခြောက်တက္ကသိုလ်’ ရဲ့ တည်ထောင်သူ ဘတ်ဖ်ဖို့ ဒ် က ပြောကြားခဲ့ပါတယ်။
“ ကျွန်တော်တို့ ဟာ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နေတာပါ။ အသိပညာပေးရေးဘက်ကို ဦးတည်တဲ့ အပိုင်းပေါ့။ ကျွန်တော်တို့ မူးယစ်ဆေးဝါးရောင်းဖို့ အတွက် ဆိုင်တွေလုပ်ဖို့ ကြံစည်နေတာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပညာပေးချင်ယုံသက်သက်ပါ” လို့ သူက ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။
တကယ်လို့ ဖလော်ရီဒါမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုခဲ့မယ်ဆိုရင်၊ တမ်ပါ ဆေးခြောက်ဆိုင်ရာ ဆေးဘက်တက္ကသိုလ် ဟာ အတန်း  ငါးခု ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားပြီး ၊ ကုသရေးစင်တာ ၁၅ ခု၊ နဲ့  ဓာတ်ခွဲခန်းတစ်ခုပါ ပါဝင်မယ်လို့  သိရှိရပါတယ်။
အခုလက်ရှိတော့ အတန်းတစ်တန်းဖွင့်လှစ်ထားနိုင်ပြီး တက်ရောက်သူပေါင်း ၂၅ ဦး ရှိတယ်လို့ သိရပါတယ်။ ဘတ်ဖ်ဖို့ ဒ်ဟာ ဒီလုပ်ငန်းအစီအစဉ်ဖြစ်မြောက်ရေးနဲ့ အနာဂတ်မှာတိုးတက်ရေးအတွက် ဒေါ်လာ ၁၀ သန်းလောက် မတည်ပေးနိုင်မယ့် ရင်းနှီးမြှပ်နှံသူတွေကို ရှာဖွေနေတယ်လို့  ဆိုပါတယ်။
Ref: universityherald.com
Trend Myanmar