ကိုယ့်ကိုယ်ကိုယ် ကျားစာကျွေးသူ အဖမ်းခံရ

ပို့စ်တင်ချိန် - 2/20/2014 04:32:00 PM


ဆင်ဟွာ

တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် ဘင်္ဂလား ကျားနှစ်ကောင်အား ကျားစာကျွေးရန် အတွက် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ စိတ်ကျရောဂါအတွက် ဆေးကုသမှုသာ ခံယူခဲ့ရကြောင်း တရုတ်သတင်းစာတစ်စောင်က ဖော်ပြခဲ့သည်ဟု ဖေဖော်ဝါရီ ၁၉ ရက်က ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက်၂၇ နှစ်အရွယ်ရှိသူ “ယန် ကျင်းဟိုင်း” ဆိုသူသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည် နယ် ချန်ဒူမြို့ တိရစ္ဆာန်ရုံမှ ကျားခြံထဲသို့ခုန်ဆင်းခြင်း ဖြစ်သည်။ တိရစ္ဆာန်ရုံသို့ လာရောက်လည်ပတ်သူ များက အံ့သြစွာကြည့်ရှုနေစဉ် ယန်သည် မိနစ် ၂ဝ ခန့်ကြာအောင် ထူးထူးခြားခြား အပြုအမူများပြုကာ ကျားများက သူ့အား ကိုက်စားစေရန် ဆွဲဆောင်ခဲ့သည်။

ယန်သည် အလုပ်အကိုင်မရှိသူဖြစ်ပြီး သူ့အစ်ကို၏အဆိုအရ စိတ်ကျန်းမာရေး ပြဿနာကို ခံစားနေရသူ ဖြစ်သည်။ သူ့ကို ကျားကကုတ်ဖဲ့ကာ ဂုတ်မှဆွဲချီသွားသော်လည်း မစားခဲ့ပေ။ တိရစ္ဆာန်ရုံဝန်ထမ်းများက ယန်အား ကယ်ဆယ်ရန် ကျားကို ဆေးသေနတ်ဖြင့် ပစ်ခဲ့သည်။

Mizzima Burmese