ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် ညလုံးပေါက်မအိပ်ဘဲ စောင့်ဆိုင်းသော်လည်းတွေ့ခွင့်မရ

ပို့စ်တင်ချိန် - 2/21/2014 11:59:00 AM


Ye Yint Tun-Farmer (2)ပုသိမ်၊ ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကျုံဒိုင်းကြီး ကျေးရွာမှ လယ်သမားများသည် ကြံ့ခိုင်ရေး အမည်ခံ၍ သိမ်းယူခြင်းခံခဲ့ရ သော လယ်ယာမြေများအရေး အတွက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် တွေ့ဆုံခွင့်ရရန် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဘေးကုန်သည် လမ်းရှိ ပလက်ဖောင်းပေါ်၌ ညလုံး ပေါက်မအိပ်ဘဲ စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ဟု ယင်းကျေးရွာမှ လယ်သမားများက ပြောသည်။

အဆိုပါ လယ်သမားများသည် ပန်းတနော်မှ ပုသိမ်မြို့သို့ ၁၈ ရက်နေ့လယ် ၁၂ နာရီခန့်က ရောက် ရှိခဲ့ပြီး ၀န်ကြီးချုပ်နှင့်တွေ့ ခွင့်ရရန် ဂိတ်ပေါက်၌ ၀င်ခွင့် တောင်း ရာ ဂိတ်ဝမှ စိုက်/မွေးဝန်ကြီး ဦးစန်းမောင်နှင့် တွေ့ရန်ဟု စာရေးသားပေးလိုက်ကြောင်း၊ အစိုးရရုံး ပေါ်၌၀န်ကြီးဦးစန်းမောင်၏ ကိုယ် ရေးအရာရှိနှင့် တွေ့ဆုံခဲ့ရာ လယ်သမားများက ဦးစန်းမောင်နှင့်တွေ့ရန် မဟုတ်ကြောင်း ၀န်ကြီးချုပ်နှင့် သာတွေ့ခွင့် ရလိုကြောင်း၊ ပြောဆိုသဖြင့် ဂိတ်ပေါက်မှ စာရေးပေး လိုက်သည်မှာ ၀န်ကြီးချုပ်နှင့် တွေ့ရန် မဟုတ်ေ သာ ကြောင့် တွေ့ခွင့် မရဘဲ ပြန်ထွက်လာခဲ့ရကြောင်း၊ တွေ့ခွင့်ရရန် ကြိုးပမ်းသူ လယ်သမားတစ်ဦးက ပြောသည်။ …

အဆိုပါ လယ်သမား ၈ ဦး အပါအ၀င် လယ်သမား ၃၆ဦး၏ လယ်ယာမြေများကို ကြံ့ခိုင်ရေး အမည်ခံ ဦးမင်းမင်းစိုး၊ ပန်းတနော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငြိမ်းမြိုင်တို့က သိမ်းယူထားပြီး ငါးကန်လုပ်ရန် ကြိုးပမ်းနေကာ ယခုအခါ လယ် ဧက ၃၅ ဧကအား ကန်တာ ပတ်နေသည်မှာ ၃ ဖက်ပြီးသွားပြီး ၁ ဖက်သာကျန်ကြောင်း၊ အဆိုပါ လယ်များမှာ မိဘဘိုးဘွားများ လက်ထက်ကတည်းက လုပ်ကိုင် ခဲ့ပြီး ယခုမိုးတွင်း အထိ လုပ်ကိုင်နေသော်လည်း လယ်ယာမြေ မှတ်ပုံတင်ခွင့်မရရှိသဖြင့် လယ် လုပ်ခွင့်သာရပြီး စိုက်ပျိုးစရိတ် ချေးငွေများမရရှိကြောင်း၊ အဆိုပါ လယ်ယာမြေအရေးအား ကိုယ်စား လှယ်လွှဲစာဖြင့် လယ်သမားများ ကိုယ်စားဆောင်ရွက်နိုင်ရန် မိမိအား လွှဲအပ်ထားသည်ဟု လယ်သမားအရေးလိုက်ပါ ဆောင်ရွက်သူ ဦးနိုင်ဇော်ကြည်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

““ကျွန်တော်တို့ မနေ့က ညနေကတည်းက ရဲစခန်းကိုသွားပြီး အကြောင်းကြားထားတယ်။ မြန်မာ နိုင်ငံပြည်သူ့ ရဲတပ်ဖွဲ့ကို အားကိုးယုံကြည်ကြောင်း၊ လမ်းပေါ်၌ ညအိပ်မည်ဖြစ်၍ စောင့်ရှောက်ပေး စေလိုကြောင်း ပြောထားတယ်။ အစိုးရရုံးထဲက လူကြီးတစ်ယောက် ကပြောတယ်။ ၀န်ကြီးချုပ်နဲ့ တွေ့ခွင့်ရမယ်ဆိုလို့ ညအိပ်ပြီးစောင့်တာ၊ ၀န်ကြီးချုပ်ကြီးက လယ်သမားပြည်သူလူထုတွေကို လာကြည်မယ်လို့ ယုံကြည်တယ်လေ၊ ဒါပေမဲ့ အခုထိမတွေ့ရသေးတော့ ကျွန်တော်တို့ နောက်ဆုတ်လိုက် ပါပြီ။ စခန်းကိုလည်း ပေးထားတဲ့ လုံခြုံရေး ရုပ်သိမ်းပေးဖို့ အကြောင်း ကြားပြီးပါပြီ””ဟု ဦးနိုင်ဇော်ကြည် ၀င်းက ဆက်လက်ပြောဆိုသည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်သည် ဖေဖော်ဝါရီ လ ၁၅၊ ၁၆ ရက်နေ့များက တိုင်း အတွင်း လူမှုရေး အဖွဲ့များ ဦးစီးပြုလုပ်ေ သာ ပြည်သူ့ရေးရာ တာဝန် ခံယူမှုပွဲသို့ တက်ရောက်ပြီး တာဝန်ခံယူမှုဆိုင်ရာ ကိစ်္စရပ်များအား ဆွေးနွေးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ရဲရင့်ထွန်း(ပုသိမ်)
Myanmar Thandawsint Newspaper