တိုယိုတာ ဟိုင်းလပ်စ်တွေ ရန်ကုန်အမြန်ယာဉ်ဘဝက ဇာတ်သိမ်းတော့မယ်

ပို့စ်တင်ချိန် - 2/08/2014 01:35:00 PM




တချိန်က ရန်ကုန်အမြန်ယာဉ်လို့ နာမည်ကြီးခဲ့တဲ့ မြို့တွင်းပြေးဆွဲတဲ့ ခရီးသည်တင် လိုင်းကားတွေထဲက တိုးယိုတာ ဟိုင်း လပ်စ် ပစ်ကပ်ကား ( Toyota Hilux pick-up truck) တွေကို အခု ဖေဖော်ဝါရီလ လယ် က စပြီး ပြေးဆွဲခွင့် မပေး တော့ပါဘူး။


 ရန်ကုန်က ဟိုင်းလပ်စ် ခရီးသည်တင် လိုင်းကား၊ ဓာတ်ပုံ-ဧရာဝတီ

အခုဆို ရန်ကုန်လမ်းတွေပေါ်က ခရီးသည်တင် တိုယိုတာ ဟိုင်းလပ်စ် လိုင်းကားတွေအစား ဝန်ဆောင်မှု ပိုကောင်းတဲ့ မီနီ ဘတ်စ်ကားတွေ ကို အစားထိုးမှာဖြစ်ပြီး ယာဉ်တိုက်မှု လျော့ကျရေး ရည်ရွယ်ပြီး အခုလို လုပ်တာဖြစ်တယ်လို့ ရန်ကုန်က မော်တော်ယာဉ်လိုင်းပေါင်းစုံ အသင်းကော်မတီရဲ့ ပြောဆိုချက်ကို ကိုး ကားပြီး တရုတ် နိုင်ငံရဲ့ ဆင်ဝှာ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ရန်ကုန်တိုင်း ၃၃ မြို့နယ်မှာ အခုလို တိုယိုတာ ဟိုင်းလပ်စ် ခရီးသည်တင်လိုင်းကားတွေအစား မီနီဘတ်စ်
တွေ နဲ့ ဒီလ ကုန်ပိုင်းမှာ အစားထိုးမှာဖြစ်တယ်လို့ မထသက ဆိုထားပါတယ်။



မထသ ဥက္ကဋ္ဌ ဦးလှအောင်က ပြောတာကတော့ ဟိုင်းလပ်စ်ကားတွေက တကယ်တော့ ကုန်ပစ္စည်း သယ် ယူ ပို့ဆောင်နိုင်ဖို့ အတွက် အဓိက ထုတ်လုပ်ထားတဲ့ ကားမျိုးဖြစ်တယ်လို့ Myanma Freedom Daily ကို ပြောထားတယ်လို့ အဲဒီသတင်း မှာ ဖော်ပြပါတယ်။

ဟုတ်ပါတယ်၊ မြန်မာနိုင်ငံမှာတော့ ဟိုင်းလပ်စ်ကားတွေကို ခရီးသည်တင်လိုင်းကားတွေအဖြစ် ပြေးဆွဲနေခဲ့
တာကြာပါပြီ။ ဒီကားတွေကို ရန်ကုန် အမြန်ယာဉ်လို့ လည်း ကင်ပွန်းတပ်ကြပြီး မကြာခဏ ယာဉ်တိုက်မှု
တွေဖြစ်လို့ လူသေဆုံးမှုတွေလည်း ရှိခဲ့ကြတာပါ။

ဒါပေမယ့် အမြန်လိုတဲ့ ခရီးသည်တွေအနေနဲ့ ဒီ အမြန်ယာဉ်မှ မစီးရင်လည်း အခြား ရွေးချယ်စရာက သိပ် မရှိလှပါဘူး။ ဒါကြောင့်ပဲ ရန်ကုန်အမြန်ယာဉ်တွေကို ဘုရား တ ပြီး စီးနေကြတာပါ။ ဒီအကြောင်း ဧရာဝတီ က ရန်ကုန်အမြန်ယာဉ်ဆိုတဲ့ ပို့စ်တခုမှာလည်း ဖော်ပြထားပါတယ်။

အခု ရန်ကုန်မှာ ခရီးသည်တင် လိုင်းပြေးဆွဲနေတဲ့ တိုယိုတာ ဟိုင်းလပ်စ် ကား အစီးရေ ၈၀၄ စီး ရှိတယ်လို့ သူက ပြော ထားပါတယ်။

ဒါကြောင့် ရန်ကုန်မြို့ လမ်းတွေပေါ်မှာ မကြာခင်မှာပဲ ခရီးသည်တင် တိုယိုတာဟိုင်းလပ်စ်တွေအစား မီနီဘတ်စ်ကားတွေကို မြင်ရတော့မှာပါ။ ဒါဆိုရင်တော့ ရန်ကုန်အမြန်ယာဉ်ဆိုတာ မီနီဘတ်စ်ကားတွေ နဲ့ နေရာယူသွားဖို့ ရှိပါတော့တယ်။


 အိမ့်သံစဉ် ~
The Irrawaddy