လက်ထပ်ပြီးစ ဇနီးမောင်နှံ၏ ကြေကွဲဖွယ် မတော်တဆမှု

ပို့စ်တင်ချိန် - 2/12/2014 08:21:00 PM


အမေရိကန်နိုင်ငံမှ လက်ထပ်ပြီးစ ဇနီးမောင်နှံ နှစ်ဦးသည် ယူတားပြည်နယ်ရှိ ဇီယွန်အမျိုးသား ဥယျာဉ်ထဲတွင် Base Jump အမြင့်ခုန် ကစားရင်း ဇနီးဖြစ်သူ အသက်ဆုံးရှုံးသွားခဲ့သည်။
စွန့်စားမှုကို ဝါသနာကြီးခြင်းက လက်ထပ်ပြီးကာစ ပျားရည်ဆမ်း ဇနီးမောင်နှံအတွက် ဝမ်းနည်းကြေကွဲဖွယ် အဆုံးသတ်တစ်ခု ဖန်တီးပေးလိုက်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံမှ လက်ထပ်ပြီးစ ဇနီးမောင်နှံ နှစ်ဦးသည် ယူတားပြည်နယ်ရှိ ဇီယွန်အမျိုးသား ဥယျာဉ်ထဲတွင် Base Jump အမြင့်ခုန် ကစားရင်း ဇနီးဖြစ်သူ အသက်ဆုံးရှုံးသွားခဲ့သည်။ စနေနေ့က အသက်(၂၈)နှစ်ရှိ အမ်ဘာဘယ်လိုစ်သည် သူမ၏ ခင်ပွန်းဖြစ်သူ ကလေတန်ဘတ္တလန်နှင့်အတူ Base Jumpခုန်ရင်း သေဆုံးခဲ့ကြောင်း ဥယျာဉ်တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ Base Jump ကစားနည်းမှာ အဆောက်အအုံမြင့်များ၊ တောင်ထိပ်အမြင့်များမှ ခုန်ချပြီး လေထီးဖွင့် ဆင်းသက်ရခြင်းမျိုး ဖြစ်သည်။
ဇီယွန်အမျိုးသား ဥယျာဉ်တွင် ယင်းကစားနည်းကို တားမြစ်ထားသည်။ အမ်ဘာနှင့် ကလေတန်တို့သည် (၇၂၇၆)ပေမြင့်သည့် ကီနာဆာဗာတောင်ထိပ်မှ ခုန်ချခဲ့ခြင်း ဖြစ်သည်။ အမ်ဘာက ဦးစွာခုန်ပြီးနောက် လေထီးက ပုံမှန် အလုပ်မလုပ်ခဲ့ချေ။ ယင်းအခြေအနေကို မြင်တွေ့သည့်နောက် ကလေတန်က လိုက်ပါ ခုန်ချရင်း ဇနီးကို ဖမ်းယူကယ်တင်ရန် အားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ လက်လွတ်သွားခဲ့သည်။ အမ်ဘာ သေဆုံးချိန်တွင် ၎င်းတို့ဇနီးမောင်နှံ၏ မင်္ဂလာသက်တမ်းမှာ သီတင်း(၂)ပတ်သာ ရှိနေသေးသည်။ ကယ်ဆယ်ရေး အဖွဲ့သည် ကျောက်ချွန်ကျောက်ဆောင်များကြား ပြုတ်ကျသွားသည့် အမ်ဘာ၏ အလောင်းကို တနင်္ဂနွေနေ့တွင် ရှာတွေ့ခဲ့ပြီး ရဟတ်ယာဉ် အကူအညီဖြင့် ပြန်လည် သယ်ယူခဲ့ရသည်။ Base Jump ကစားနည်းကြောင့် ယင်းဥယျာဉ်ထဲတွင် သေဆုံးမှုသည် အမ်ဘာ၏ ဖြစ်ရပ်က ပထမဆုံးဟု သိရသည်။ ရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်မှုကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
(ကီနာဆာဗာတောင်)
Planet Myanmar Network