ထူးခြား ဆန်းပြားတဲ့ ဆံပင်ဆွယ်တာ နဲ့ ဦးထုပ်

ပို့စ်တင်ချိန် - 2/09/2014 10:43:00 AM


*************************
အနောက်နိုင်ငံ များကဲ့သို့ပင် ဆောင်းရာသီ ကာလတွင် တရုတ်နိုင်ငံ၌ အသည်းခိုက်အောင် ချမ်းလွန်း လှပေသည်။ သို့သော်လည်း ဆံပင်များနှင့် ချုပ်ထားသော ဆွယ်တာ ဝတ်ထားလျှင် နွေး ကောင်းနွေးနိုင် ပေလိမ့်မည်။ တရုတ်နိုင်ငံ ချုံချင်းမြို့၌ နေထိုင်သော အသက် ၆ဝ အရွယ် ရှန်ရန်ရှန်း ဆိုသူ အငြိမ်းစား ဆရာမသည် ၄င်း၏ ဆံပင်များကို အသုံးပြု၍ ဦးထုပ် တစ်လုံးနှင့် ဆွယ်တာ တစ်ထည် ထိုးခဲ့ကြောင်း Global Times သတင်းစာ၌ ဖော်ပြထားသည်။

ရန်ရှန်းသည် ၁၁ နှစ်တာ ကာလ အတွင်း ကျွတ်ခဲ့သော ၄င်း၏ဆံပင် များအား စုဆောင်းခဲ့ရာ ဆံပင်မွေးပေါင်း ၁၁ဝဝဝဝ ရရှိခဲ့ပြီး ယင်းတို့ကို အသုံးပြုကာ ဆွယ်တာ တစ်ထည်နှင့် ဦးထုပ်တစ်လုံး ထိုးခဲ့သည်။ ”ခေါင်းဖြီးရင် ကျွတ်တဲ့ဆံပင်တွေ ကို သုံးပြီး အင်္ကျီနဲ့ ဦးထုပ် ထိုးထားတာလေ။ နက်မှောင် ရှည်လျားတဲ့ ကျွန်မ ဆံပင်တွေကို ထိန်းသိမ်း ဖို့ ဒီနည်းက အကောင်းဆုံးလို့ ထင်ပါတယ်”ဟု ၄င်းက ရှန်ဟိုင်း နေ့စဉ် သတင်းစာကို ပြောကြားသည်။ ဆံပင်များနှင့် ထိုးထားသော ဆွယ်တာသည် ၄င်း အတွက် ဖြစ်ပြီး ဦးထုပ်သည် ၄င်း၏ ဆံပင်သုံး၍ သိုးမွေးထိုးတတ်သည့် ၄င်း၏ အကျင့်အား အားပေးခဲ့သူ ခင်ပွန်းကို လက်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
(ပေါ်ပြူလာ)