ယူကရိန်းဝန်ကြီးချုပ်ဟောင်း တိုင်မိုရှင်ကို ထောင်မှလွတ်မြောက်

ပို့စ်တင်ချိန် - 2/23/2014 08:46:00 AM



ထောင်ကျ ခံနေ သည့် ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှင်ကိုသည် ယခုအခါ ထောင်မှလွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။ သူမသည် အဓိက အတိုက်အခံပါတီ  All-Ukrainian Union "Fatherland" ၏ ခေါင်းဆောင်ဖြစ်ပြီး ယူကရိန်းဝန်ကြီးချုပ်အဖြစ်၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ တာဝန်ယူခဲ့သည်။ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်အထိ ၂ လနှင့် တစ်ရက်ကြာ ပေါ်ပေါက်ခဲ့သော ယူကရိန်းနိုင်ငံမှ နာမည်ကြီး လိမ္မော်ရောင်တော်လှန်ရေးတွင်လည်း တိုင်မိုရှင်ကိုက ဦးဆောင်သူအဖြစ် ပါဝင်ခဲ့သည်။ လတ်တလောတွင် ယူကရိန်း၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု အဓိကရုဏ်းများ အပြင်းအထန် ပေါ်ပေါက်ခဲ့ပြီး  နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ထိပ်တိုက်တွေ့ ပဋိပက္ခများကြောင့် လူအများအပြား သေဆုံးခဲ့သည်။
Planet