၇၅ ရာခိုင်နှုန်းကိစ္စဟာ တိုင်းပြည်ကို လည်ပင်းညှစ်ထားတာ

ပို့စ်တင်ချိန် - 2/24/2014 03:34:00 PM



ဖေဖော်ဝါရီလ ၂၃ ရက်က ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပုဒ်မ ၄၃၆ ကို ပြည်သူ့ဆန်္ဒနှင့် အညီ ပြင်ဆင်ရေး ဆွေးနွေးဟော ပြောပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကျင်းပ ခြင်းနှင့် ပတ်သက်၍ ကိုနေမျိုးဇင် က ““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ နိုင်ငံရေး ပါတီတွေမှာပဲ  တာဝန်ရှိတာ မဟုတ်ဘဲ၊ ပြည်သူလူထုတစ်ရပ် လုံးနဲ့ လူမှုအဖွဲ့ အစည်းတွေမှာ ရော တာဝန်ရှိတယ်။ သန်း ၆၀ ကျော် ပြည်သူလူထုရဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပဖို့ အရေး ကို ၇၅ ရာခိုင်နှုန်းနှင့် အထက် ဆိုတဲ့ တပ်မတော်သားကိုယ်စား လှယ်တစ်ယောက် မပါရင် မရ ဘူးဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့ တိုင်းပြည်ကို လည်ပင်းညှစ်ထား တာဖြစ်တယ်။ ကျွန်တော်တို့ကို ကြွေးကြော် ခိုင်းထားတဲ့ဟာတွေ မှာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး ...ဒို့အရေး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးလို့ ပြောရင် ဘာကြောင့်မို့ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးကိုမပေး ထားတဲ့ ဥပဒေကို ဘာကြောင့် မပြင်သေးတာလဲ။ ဥပဒေကို နား မလည်တာလား။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲချင်ရင် လူတစ်ခုက ထိန်းချုပ်ထား တဲ့ ဥပဒေကို ပြင်ပေးပါ””ဟု ပြော ကြားသည်။

လယ်သမားအရေး လှုပ်ရှား သူ တစ်သီးပုဂ်္ဂလကိုယ်စားလှယ် ဦးဝင်းချိုက ““ရွေးချယ်ခွင့်မရှိဘဲ စားရတော့မယ့် စားသောက်ဖွယ် “ဟင်း”တစ်ခွက်ကို ခင်ဗျား လျှာနဲ့ ကိုက်/မကိုက်။ ခင်ဗျားကြိုက်/ မကြိုက်ကို ပြောဖို့အတွက်ဆိုရင် ခင်ဗျား “ဟင်းချက်တတ်”ဖို့ မလို ပါဘူး။ အဲဒီဟင်းထဲမှာ ဘာတွေ ပါတယ်လည်း သိဖို့မလိုပါဘူး။ ဟင်းကို ဘယ်လောက်အချိန် ယူ ပြီး ချက်ထားလဲဆိုတာကိုလည်း သိဖို့မလိုပါဘူး။ အဲဒီဟင်းတစ် ခွက်ရဲ့ ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါး အရသာ ၆ ပါးကို သိနိုင်တဲ့ လျှာ တစ်ချောင်းနဲ့  ခံစားတတ်တဲ့ နှလုံးသားတစ်ခုပဲ လိုအပ်တယ်။ အဲဒီအကြောင်းတရားဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြင်တဲ့ သာမန်ပြည်သူတစ်ယောက်ရဲ့ အမြင်ပါပဲ။

ပြည်သူတွေဟာ ဥပဒေကို ရေးဆွဲသူတွေ မဟုတ်ပေမဲ့လည်း ဒီဥပဒေရဲ့ အကျိုးသက်ရောက် မှုကို ပြည်သူတွေက တိုက်ရိုက် ခံစားနေရပါတယ်။ ပြည်သူတွေ ရဲ့ အသံကို နားထောင်ပေးပါ။ ပုဒ်မ ၄၃၆ ကို မပြင်ရင် နောက် ထပ်နည်းလမ်းဟာ လမ်းပေါ် ထွက်ပြီး ဆန်္ဒပြဖို့ပဲ လိုပါတယ်။ အဲဒီလို မလုပ်ချင်ပါဘူး။ လွှတ် တော်ကနေ အေးအေးချမ်းချမ်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အကြောင်းအရာတွေထဲက ပြင် ဆင်သင့်တဲ့ အကြောင်းအရာ တွေကို ပြင်ဆင်လိမ့်မယ်လို့ မျှော် လင့်ပါတယ်””ဟု ပြောကြားခဲ့ သည်။

ABSDF ၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးထွန်းအောင် ကျော်က ““ပုဒ်မ ၄၃၆ ပြင်လိုက်ရင် ပြည်သူတွေလိုလားတဲ့ အခြား ပြင်ဆင်ချက်တွေကို ပြင်ဆင်ဖို့ လွယ်ကူလိမ့်မယ်။ တိုင်းပြည် အတွက် အခြေခံဥပဒေ ပြင်ဆင် ရေးဟာအင်မတန် အရေးကြီး ပါတယ်။ ဒီမိုကရေစီစနစ်ကို ပေးနိုင်တဲ့ ပြည်သူတွေလိုလားတဲ့ အခြေခံဥပဒေပေါ်လာဖို့ လိုအပ် တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟာ သမိုင်းက တောင်းဆိုလာတဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တစ်ခုဖြစ်တယ်။ အခြေခံ ဥပဒေပြင်ဆင်ရးကိစ္စမှာ နှောင့်နှေးနေမယ်ဆိုရင် တိုင်း ပြည်ရဲ့ မတည်ငြိမ်မှုကို ဖန်တီးတဲ့ တရားခံတွေ ဖြစ်သွားလိမ့်မယ်။ ၂၀၁၄ မှာ အခြေခံဥပဒေပြင်ဆင် ရေးဖြစ်မလာဘူးဆိုရင်၊ ၂၀၁၅ မှာ ပြည်သူတွေလိုလားတဲ့တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘူး””ဟု ပြောကြားသည်။

အဆိုပါပွဲသို့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ရွှေည၀ါဆရာတော် မှ သ၀ဏ်လွှာတစ်စောင် ပေးပို့ခဲ့ သည်။

hotnewsweekly