ပျော်ရွှင်ခြင်းနိုင်ငံ (သို့) ဘူတန်

ပို့စ်တင်ချိန် - 2/03/2014 12:03:00 PM


ကမ္ဘာပေါ်မှာ ဆင်းရဲပေမယ့် ပျော်စရာကောင်းတဲ့တိုင်းပြည်တစ်ခုကိုပြပါ ဆိုရင်တော့ဘူတန်နိုင်ငံကို ပြရပါလိမ့်မယ်...

အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ဟိမ၀န္တာ တောင်တန်းအရှေ့ဘက်စွန်းကျဆုံး မှာတည်ရှိတဲ့ ဘူတန်နိုင်ငံဟာ
လူဦးရေ (၇)သိန်းလောက်ပဲရှိပြီး၊ ပါတ်လည် ကီလိုမီတာ (၄)သိန်း (၇)သောင်းလောက်ပဲကျယ်ဝန်းတဲ့
အတွက် တကယ့်ကို နိုင်ငံသေးသေးလေးပါပဲ....
ဘူတန်နိုင်ငံမှာ ဘူတန်လူမျိုး (၅၀)ရာခိုင်နှုန်း၊ နိပေါလူမျိုး (၃၅)ရာခိုင်နှုန်း၊ အခြားလူမျိုး (၁၅)ရာခိုင်နှုန်း နေထိုင်ကြပါတယ်..
အဓိက ကိုးကွယ်တဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာဖြစ်ပြီး ဗုဒ္ဓဘာသာ (၇၅)ရာခိုင်နှုန်းရှိပါတယ်..
ကျန် (၂၅)ရာခိုင်နှုန်းကတော့ ဟိန္ဒူဘာသာဝင်တွေဖြစ်ပါတယ်..

မြို့တော်ကတော့ သင်မ်ဖျူး(Thimphu)ဖြစ်ပါတယ်..

ဘူတန်နိုင်ငံဟာ တိုးတက်တဲ့နိုင်မဟုတ်ဘဲ ဘာကြောင့်ပျော်စရာကောင်းတဲ့ တိုင်းပြည်ဖြစ်တာလည်း

ဘူတန်နိုင်ငံရဲ့ မြို့ကြီးမြို့ငယ် လမ်းအသွယ်သွယ်မှာ တောင်းရမ်းသူမရှိဘူး...
လမ်းကျဉ်း လမ်းငယ်တွေမှာ မိန်းမရွှင် (ဖာ) မရှိဘူး...
ဆေးသမားတွေ မရှိဘူး......
ခမ်းနားတဲ့ အဆောက်အအုံတွေ မရှိသလို စုတ်ပြတ်ပြီး မိုးမလုံ လေမလုံတဲ့ အိမ်ငယ်မျိုးလည်း မတွေ့ရဘူး....
ဘူတန်နိုင်ငံမှာ ကလေးငယ်တွေကို စွန့်ပစ်တာ မရှိဘူးလို့လည်း ဆိုပါတယ်
ကလေးမွေးစားချင်တဲ့ အမေရိကန်ဇနီးမောင်နှံ ဘူတန်နိုင်ငံမှာ မွေးစားဖို့ကလေးသွားရှာတာ
နှစ်ဝက်လောက်ကြာတဲ့အထိ မွေးစားဖို့ကလေး မရခဲ့ဘူးလို့လည်း အဆိုရှိပါတယ်...

ဘူတန်ကလူတွေက ရိုးရာဝတ်စုံကိုပဲစွဲစွဲမြဲမြဲဝတ်ဆင်ကြပါတယ်..
ဆေးလိပ်ဆေးရွက်ကြီး တို့ကို တင်သွင်းခွင့် ထုတ်လုပ်ခွင့်ေ၇ာင်းချခွင့် ဖြန့်ဖြူးခွင့်မပေးပါဘူး
ဆေးရွက်ကြီး ဥပဒေနဲ့ တားမြစ်ထားပါတယ်....ဘူတန်မှာ ဆေးလိပ်သောက်သူဦးရေဟာ (၁)ရာခိုင်နှုန်းပဲ ရှိပါတယ်
ဘူတန်နိုင်ငံ တစ်တိုင်းပြည်လုံးကို ဆေးလိပ်မသောက်ရ နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်တဲ့..
.ဘူတန်နိုင်ငံသားတွေဟာ တိုးတက်မှုကို ငွေကြေးနဲ့ မတိုင်းတာပါဘူး
ပျော်ရွှင်မှု စိတ်ချမ်းသာမှုနဲ့ပဲတိုင်းတာပါတယ်...
ဘူတန်မှာ ကျောင်းနေသူတွေက တစ်တိုင်းပြည်လုံးမှာ ၉၇ ရာခိုင်နှုန်း ရှိပြီး
နိုင်ငံခြားထွက် ပညာသင်တွေထဲမှာ ၉၉ရာခိုင်နှုန်းဟာ
ဘွဲ့ရပြီးနောက် တိုင်းပြည်ကို ပြန်လာကြပါတယ်

ဘူတန်နိုင်ငံက သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တဲ့ နိုင်ငံအဖြစ်လည်း ထင်ရှားပါတယ်..
ပလပ်စတစ်ကို တင်သွင်းခွင့်မပေးပါဘူး
ဘူတန်နိုင်ငံ ရဲ့ (၇၁)ရာခိုင်နှုန်းဟာသစ်တောများဖြစ်ပါတယ်.. အာရှဒေသမှာ
ပထမဆုံး သစ်တောမပြုန်းတီးနိုင်ငံဖြစ်ပါတယ်...

ဘူတန်နိုင်ငံမှာ လူတန်းစားမရွေး အခမဲ့ ဆေးကုခွင့် ကျောင်းနေခွင့်ရှိပါတယ်၊ ရေအားလျှပ်စစ်ကို အသုံးပြုပြီး တိုင်းပြည် (၇၁)ရာခိုင်နှုန်းကို
လျှပ်စစ်မီး အပြည့်အ၀ ပေးနိုင်ပါတယ်..

တကယ်တော့ ဘူတန်နိုင်ငံရဲ့ တိုးတက်မှုကို ရုပ်ဝတ္တုတွေနဲ့ မတိုင်းတာဘဲ.. စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုနဲ့ တိုင်းတာတာကြောင့် ဘူတန်နိုင်ငံဟာ
ပျော်စရာကောင်းတဲ့နိုင်ငံအဖြစ်တည်ရှိတာပါ..
ရောင့်ရဲလွယ်ကျတဲ့ ဘူတန်နိုင်ငံသားတွေ (၉၇)ရာခိုင်နှုန်းပျော်ရွှင်နေကြတယ်ဆိုတာတော့ မဆန်းပါဘူး

ကျွန်တော် အဓိက ပြောချင်တဲ့ အချက်က အခုမှ လာမှာပါ
သေးငယ်လွန်းတဲ့ ဘူတန် နိုင်ငံက သူတို့ လူမျိုး ဗုဒ္ဓဘာသာ ကို ပျောက်မှာ စိုးတဲ့အတွက်
လွန်ခဲ့နှစ်အနည်းငယ်က ဥပဒေသစ်ကို ချမှတ်ခဲ့တယ်....
သူတို့ လူမျိုးတွေကို နိုင်ငံခြားသား အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်သူတွေနဲ့ အိမ်ထောင်ပြုခွင့် မပေးပါဘူး
ဗုဒ္ဓဘာသာကို၊ အမျိုးစောင့်ဥပဒေကို အလေးထား တန်ဖိုးထားတာတော့ ဘူတန်နိုင်ငံက
မြန်မာနိုင်ငံထက် အဆပေါင်းများစွာသာလွန်ပါတယ်ဆိုတာတော့ ကျွန်တော်တို့ လက်ခံရပါလိမ့်မယ်...

(ဘူတန်နိုင်ငံအကြောင်း ရေးမယ်ဆိုရင် ဒီလောက်နဲ့တော့ မပြည့်စုံနိုင်သေးပါဘူး..)

Credit to ထာဝရ ခရီးသည်
Photo by ကမ္ဘာ့အံ့ဖွယ်နေရာများ