ငါးသလောက်ဥကြော်

ပို့စ်တင်ချိန် - 2/05/2014 07:55:00 PM


ငါးသလောက်ဥများကို ရေနှင့်ဖြေးဖြေးခြင်းဆေး၍ ဆားနှင့်နနွင်း အနည်းငယ်ဆီ၊ ကြက်သွန်ဖြူ နှင့် ဂျင်းအနည်းငယ်ကို ထောင်းပြီး အရည်ညှစ်ထည့်ကာ အားလုံးနှံ့အောင် အသာနယ်ထားပါ။ ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချင်လျှင် ထည့်လို့ရပါတယ်ရှင်။ ဒယ်အိုးထဲတွင် ဆီအနေတော်ထည့်၍ ဆီပူလာလျှင် ငါးသလောက်ဥများကို ဖြေးဖြေးခြင်းထည့်ကာ ကြော်ပေးပါ။ ၅ မိနစ်လောက် ဟိုဘက် ဒီဘက်လှန်ကာ ကြော်ပြီးလျှင် ရေမမြုတ်တမြုတ်ထည့်ကာ အိုးဖုံးကာတည်ထားပါ။ ရေထည့်ပြီးကြော်မှသာ ငါးသလောက်ဥများကျက်မှာပါ။ ရေများခမ်းလာပြီး ဆီများထွက်လာလျှင် ခဏကြာမျှ ထိုဆီများနှင့် ဟိုဘက် ဒီဘက်လှန်ကာ ကြော်ပေးပါ။ အရောင်များရဲလာပြီး အကျက်ညီလျှင် ငါးသလောက်ဥကြော်ပူပူလေးကို ထမင်းဖြူ လေးနှင့် တွဲဖက်၍ သုံးဆောင်လို့ ရပါပြီရှင်။

ဒေါ်ပုလက်ရာ