ခွင့်မပြုပဲဓာတ်ပုံရိုက်ခဲ့သော သူရိယနေဝန်းပြင်ပသတင်းထောက်ကိုသစ်ငြိမ်းအား တရားစွဲရခြင်းကိုရှင်းလင်း

ပို့စ်တင်ချိန် - 2/08/2014 07:42:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၈။

သူရိယနေဝန်းပြင်ပသတင်းထောက် ကိုသစ်ငြိမ်း(ခ) ကိုနိုင်ဦးသည် ဦးအေးလွင်နှင့် တရားရင်ဆိုင်နေရသော ဒေါ်အိအိသင်းအား တရားရုံးမှ ထွက်လာရာတွင် ခွင့်ပြုချက်မယူပဲ ဓာတ်ပုံရိုက်ယူမှုနဲ့ ပတ်သက်၍ ကာယအိနြေ္ဒပျက်ပြားမှုဖြင့် တရားစွဲဆိုခဲ့ရခြင်းနှင့် ပတ်သက်၍ MJN ရုံးတွင် ဖေဖော်ဝါရီ ၈ရက်က ရှင်းလင်းခဲ့သည်။

ဒေါ်အိအိသင်းက “ကျွန်မတရားရုံးကထွက်လာတဲ့ အခါမှာ ကျွန်မကားကို ဓာတ်ပုံရိုက်တာတွေ့လို့ ကျွန်မ မေး လိုက်တယ် သူက နင့်ကားကိုတင် မဟုတ်ဘူး နင့်ကိုပါအချိန်မရွေး ရိုက်လို့ရတယ် ငါရိုက်တာ ဘာဖြစ်လဲလို့ ပြောတယ် ကျွန်မကို သတင်းယူဖို့ လာတာဆိုရင် ကျွန်မကို အရင်မေးပြီးတော့ ရိုက်လို့ရပါတယ် သူဒါမျိုးလုပ်တော့ ကျွန်မကပဲ ကားသူခိုးလိုလို ဖြစ်သွားတယ် ပြီးတော့ ကာယအိနြေ္ဒလည်းပျက်တယ် ဒါကြောင့် ကျွန်မလည်း တရားစွဲဖို့ လုပ်လိုက်ပါတယ်”ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများက တရားလိုဖြစ်သူ မအိအိသင်းကို လာရောက်တွေ့ဆုံ ဆွေးနွေးပါက ကြေးအေးပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ (၇)ရက်ထုတ် ဟစ်တိုင်ဂျာနယ် Vo.1 No.12 တွင် “သူရိယနေဝန်းဂျာနယ်ပြင်ပ သတင်းထောက် ကဗျာဆရာ၊ ဇာတ်ညွန်းဆရာ ကိုသစ်ငြိမ်း၊ မှော်ဘီမြို့နယ်က တရားရုံးတွင် တရားစွဲဆိုခံရ” ခေါင်းစဉ်ဖြင့် ပါဝင်သော သတင်း၌ ကိုသစ်ငြိမ်းက ရှင်းပြထားရာတွင် “စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်၊ အများပြည်သူကို တင်ပြဖို့သင့်သော သတင်းတစ်ပုဒ် ဖြစ်သောကြောင့် တရားစွဲဆိုခံရသူ ကိုအေးလွင်နှင့် ဇနီးတို့ကို ဓာတ်ပုံရိုက်ယူကာ နောက်ထပ် တရားလိုဖြစ်သော မအိ(ခ)ဒေါ်အိအိသင်းကိုတော့ မမြင်ဘူးသောကြောင့် ၎င်းစီးလာသော ကားကိုဓာတ်ပုံရိုက်ယူခဲ့ခြင်းဖြစ်ကြောင်း အဲဒီလို့ရိုက်ယူမူကို မအိ(ခ)ဒေါ်အိအိသင်းက မိုက်မိုက်ရိုင်းရိုင်းဆဲဆိုကာ ဘာသတင်းထောက်လဲ ဆဲဆိုလျှက် ဂုဏ်သရေ ထိခိုက်အောင်ပြောပြီး ရဲစခန်းတိုင်မယ်ဆိုကာ ကားစက်နှိုးတယ် အဲ့ဒီအချိန်မှာ ကားကိုဓာတ်ပုံထပ်ရိုက်ခဲ့ပါတယ်”ဟု ပြောထားသည်။

ယင်းကဲ့သို့ ပြောဆိုရှင်းလင်းထားသည်မှာလည်း မဟုတ်မှန်ကြောင်းငြင်းဆိုထားပြီး ယင်းသတင်းအား ထုတ်ဝေခဲ့သော ဂျာနယ်တိုက်အနေဖြင့် ပြန်လည်တောင်းပန် ပြင်ဆင်ချက်ထည့်ပေးရန် တောင်းဆိုခဲ့ပြီး တောင်းပန်မှုများ မလုပ်ဆောင်ပါကာ တရားဥပဒေအရ ဖြေရှင်းမည်ဟုလည်း ဆိုထားသေးသည်။

ချစ်မင်းထွန်း
The Myanma Age