ဗြိတိန်သံရုံး သတင်းမှားကြောင်း ၀န်ခံ

ပို့စ်တင်ချိန် - 2/01/2014 04:39:00 PM


မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးသည် ၎င်းတို့ အနေဖြင့် အမေရိကန်သံရုံးနှင့် ပူးပေါင်းပြီး မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဘင်္ဂလီ အမျိုးသမီး နှင့် ကလေးငယ်များ သတ်ဖြတ်ခံခဲ့ရသည့် အပေါ် စိုးရိမ်ပူပန်ကြောင်းနှင့် မြန်မာ အစိုးရအား အဖြစ်မှန်ကို စစ်ဆေးဖေါ်ထုတ်ရန် သတင်းထုတ်ပြန်ချက်မှာ သတင်းအမှား ဖြစ်သဖြင့် သူတို့၏ ထုတ်ပြန်ချက်ကို ရုတ်သိမ်းကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရခိုင်ဒေသ အခြေအနေမှာ စိုးရိမ်စရာကောင်းနေသဖြင့် မြန်မာ အစိုးရကို အမြန်ဆုံး ဖြေရှင်းရန် တောင်းဆိုထားသည်။

Narinjara နိရဉ္စရာ