ကချင်မှာ စာသင်ကျောင်းဆောက်မယ့် ဂုဏ်ရည်အေးကျော်

ပို့စ်တင်ချိန် - 2/21/2014 11:30:00 AM


Thursday, February 20, 2014

ကချင်ဒေသတစ်ခုသို့ မတ်လကုန်တွင် စာသင်ကျောင်း သွားဆောက်ပေးဖို့ရှိကြောင်း Miss International 2013 ဂုဏ်ရည်အေးကျော်က ပြောသည်။

”တိုင်းရင်းသားအတွက် ငြိမ်းချမ်းရေး ဆိုရင် ဘယ်နေရာမှာ ပဲဖြစ်ဖြစ် ပါဝင်ဖို့ အဆင်သင့်ရှိ တယ်”ဟု ဂုဏ်ရည်အေးကျော်က ပြောသည်။ ဂုဏ်ရည်အေးကျော် သည် ပြိုင်ပွဲ ဝင်စဉ် ရိုးရာဝတ်စုံကို ကချင်တိုင်းရင်းသား ဝတ်စုံနှင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ သည် ကချင် တိုင်းရင်းသားများနှင့် ကြာရှည်စွာ စစ်ပွဲတိုက်နေခြင်း မရှိတော့ဘဲ ငြိမ်းချမ်းရေးပေါ်လာပြီ ဆိုသည့်ရည်ရွယ်ချက်နှင့် ကမ္ဘာက သိအောင် ဝတ်စုံ ကို ဝတ်ခဲ့ကြောင်း ၄င်းက ပြောခဲ့သည်။

”ဟိုဘက် ခေါင်းဆောင်တွေ ကလည်း သူတို့ဒေသခံ လူမျိုးအတွက် ပို ကောင်းအောင် လုပ်နေတယ်လို့ ယုံကြည် သလို အစိုးရဘက် ကလည်း တိုင်း ပြည် နဲ့ လူမျိုးတွေ အတွက် ပိုကောင်းအောင် လုပ်နေတယ်လို့ ယုံကြည်ပါတယ်”ဟု ၄င်းက ပြောသည်။

”နှစ်ဖက် စလုံးက ပိုကောင်းအောင် လုပ်နေတာကို ဆွေးနွေးတဲ့ အခါ ပြဿနာ နည်းနည်းရှိလို့ ဆွေးနွေးလို့ မပြီးသေးတာပါ။ မကြာခင် အဆင်ပြေမယ် လို့ ဆုတောင်း သလို ဖြစ် လာမယ်လို့ ယုံကြည်တယ်”ဟု ဂုဏ်ရည်အေးကျော် က ဆက်ပြောသည်။

”ဂုဏ်ရည်က အခုဒီ ကချင်ပြည်နယ်ဘက်ကို World Peace မှာ ကိုယ်စား ပြုခဲ့တယ်”ဟု ဂုဏ်ရည်အေးကျော်က ပြောသည်။

ဂုဏ်ရည်အေးကျော်သည် ဗမာလူမျိုး စစ်စစ် ဆိုသော်လည်း တစ်မြေတည်း နေ တစ်ရေတည်းသောက် တိုင်းရင်းသားများ အတွက် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တစ်ထောင့် တစ်နေရာမှ ပါဝင်ခဲ့သည့် မယ် တစ်ဦးဖြစ်ကြောင်း လည်း သိရသည်။

ထူးထူး
Popular Myanmar