မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်စဲပေးဖို့ နိုင်ကျဉ်း ၅ဦး ရန်ကုန်၌ စာဝေ

ပို့စ်တင်ချိန် - 2/20/2014 04:13:00 PM


သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ရာထူးသက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်စဲဖို့ဆိုပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ၅ယောက်က ဖေဖော်ဝါရီ ၁၉ရက်နေ့မှာ လက်ကမ်း စာစောင်တွေ ဝေငှခဲ့ပါတယ်။

မြို့တော်ခမ်းမအနားက ဖြတ်သန်းမောင်းနှင်နေတဲ့ ကားတွေ၊ လမ်းလျှောက်နေတဲ့သူတွေကို မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူသို့ ပန်ကြားလွှာကို နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစု ကော်မတီက ဝေငှခဲ့တာဖြစ်ပါတယ်။

လာမယ့် မတ်လ ၁၅ရက်နေ့မှာ အဖွဲ့ပေါင်း ၃ဝလောက်နဲ့ မိုင်၁၅ဝဝကျော် ဝေးကွာတဲ့ မြစ်ဆုံအထိ လမ်းလျှောက်ဖို့ရှိတယ်လို့ဆိုပြီး ဒါဟာ တရုတ်နိုင်ငံနဲ့ တရုတ်ကုမ္ပဏီ CNP ကို ဆန္ဒပြတာမဟုတ်တဲ့ အကြောင်း ဆိုပါတယ်။

Kamayut Media