ဒုက္ခသည်တွေကို ပြန်မတွန်းထုတ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကန်တိုက်တွန်း

ပို့စ်တင်ချိန် - 2/04/2014 02:16:00 PM

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ကြတဲ့ မွတ်စလင်ရိုဟင်ဂျာတွေ (Credit: AFP) 

မြန်မာနိုင်ငံ ​ရခိုင်ပြည်နယ်က ​အကြမ်းဖက်မှုတွေကြောင့် ​ထွက်ပြေးတိမ်းရှောင်လာမယ့် ​မွတ်စလင် ​ရိုဟင်ဂျာတွေကို ​ပြန်မတွန်းထုတ်ကြဖို့ ​အမေရိကန်အစိုးရက ​ဘင်္ဂလားဒေ့ရှ်ကို ​တိုက်တွန်းလိုက် ​ပါတယ်။

အဲဒါအပြင် ​ဘင်္ဂလားဒေရှ်နိုင်ငံ ​Cox ​Bazar ​ဒုက္ခသည်စခန်းမှာရှိတဲ့ဒုက္ခသည်တွေကို ​အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ​လူသားခြင်း ​စာနာထောက်ထားတဲ့ ​အထောက်အပံ့တွေ ​ပေးခွင့်ပြုဖို့ ​တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ​အမေရိကန်အဆင့်မြင့်အကြံပေးပုဂ္ဂိုလ်နဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ​အဆင့်မြင့် ​တာဝန်ရှိသူတွေ ​တွေ့ဆုံစဉ် ​တိုက်တွန်းခဲ့တာဖြစ်တယ်လို့ ​ဒေးလီးစတား ​သတင်းဌာနကဖော်ပြထားပါတယ်။

ဒုက္ခသည်တွေကို ​ပြန်ပို့ကိစ္စနဲ့ ​မှတ်ပုံတင်ထားခြင်းမရှိတဲ့ ​မွတ်စလင် ​ရိုဟင်ဂျာတွေ ​ကိစ္စကို ​မြန်မာနိုင်ငံနဲ့ ​ထပ်မံဆွေးနွေးမှုတွေဆက်လုပ်သွားမယ်လို့တော့ ​ဘင်္ဂလားဒေ့ရှ်က ​တာဝန်ရှိသူတွေက ​မြန်မာနိုင်ငံဆိုင်ရာ ​အမေရိကန်အဆင့်မြင့်အကြံပေးပုဂ္ဂိုလ်ကို ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ခုနှစ် ​ရခိုင်ပြည်နယ် ​အကြမ်းဖက်မှု ​ဖြစ်ပွားခဲ့ကတည်း ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံဖက် ​ထွက်ပြေးသွားတဲ့ ​မွတ်စလင် ​ရိုဟင်ဂျာတွေကို ​ဘင်္ဂလားဒေ့ရှ်ကပေးမ၀င်တဲ့အပြင် ​နိုင်ငံတကာ ​အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ​သုံးဖွဲ့ကိုလည်း ​Cox ​Bazar ​ဒုက္ခစခန်းသည်ထဲဝင်ဖို့ ​ပိတ်ပင်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​ဒုက္ခသည်စခန်းနှစ်ခုထဲမှာ ​မှတ်ပုံတင်ထားတဲ့ ​ဒုက္ခသည်ဦးရေ ​သုံးသောင်းလောက်ရှိပြီးတော့ ​မှတ်ပုံမတင်ရသေးတဲ့ ​ဒုက္ခသည်ဦးရေ ​သုံးသိန်းကျော်ရှိတယ်လို့ ​သိရပါတယ်။

ABC Radio Australia