တမူးနယ်စပ်၌ ပျောက်ဆုံးသွားသူ နှစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိ

ပို့စ်တင်ချိန် - 2/21/2014 10:25:00 PM


POST 21 FEBRUARY 2014 BY မြတ်မိုးကျော်(မြစ်မခ)

မြန်မာနိုင်ငံ တမူးမြို့နယ်မှ ပျောက်ဆုံးသွားသော အိန္ဒိယနိုင်ငံသားကုန်သည်နှစ်ဦးအား အိန္ဒိယနိုင်ငံရှိ မဏိပူရမြို့နယ်စပ်၌ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက သေဆုံးလျက်တွေ့ရှိရကြောင်း The Telgraph သတင်းစာပါ ဖော်ပြချက် အရ သိရှိရသည်။

သေဆုံးသူနှစ်ဦးမှာ မီးရှို့ဒဏ်ရာများနှင့် အခြားဒဏ်ရာများပါရှိကြောင်းနှင့် သေဆုံးသူနှစ်ဦးမှာ Uttar Pradesh ဒေသမှ Sanvndar Singh အသက် ၃၀ နှစ်နှင့် Mumbai ဒေသမှ Daljeet Singh ၊ (၃၃) နှစ် တို့ဖြစ်ကြောင်း၊ ၄င်းတို့သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူရဲတစ်ဦးက ဆိုသည်။