ရထားလမ်း ခုံးကျော်တံတားသစ်များ တည်ဆောက်မည်

ပို့စ်တင်ချိန် - 2/17/2014 02:00:00 PM


မြန်မာ့မီးရထားက ရထားလမ်း လူကူးခုံးကျော်တံတားသစ်များ လာမည့် ဘဏ္ဍာနှစ်အတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ပုရွက်ဆိပ်ကုန်းနှင့် ကြည့်မြင်တိုင် ဘူတာများအနီး လူကူးခုံးကျော်တံတားများ မှာ တည်ဆောက်ပြီးစီးခဲ့ပြီး၊ သမိုင်းဘူတာရုံ ခုံးကျော်တံတားကို လာမည့် ဘဏ္ဍာနှစ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းတရပ်တွင် ဖော်ပြထားသည်။ ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရထားလမ်း လူကူးခုံးကျော် ၃၅ စင်း ရှိရာ၊ ၂၂ စင်းကို ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီ|