အထက်အမိန့်မနာခံဟုဆိုကာ အခြေခံပညာ ကျောင်းအုပ်တချို့ ရာထူးမှထုတ်ပယ်ခံရ

ပို့စ်တင်ချိန် - 2/17/2014 11:13:00 AM


[ အလင်းရောင် ၊ ရန်ကုန် ]

အထက်မှချမှတ်သည့်အမိန့်ကို မနာခံမှုကြောင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အခြေခံပညာကျောင်းအုပ်တချို့ ရာထူးမှထုတ်ပယ်ခြင်း ခံနေရ ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ အမည်မဖော်လိုသူ ညွှန်ကြား ရေးမှူးတစ်ဦးက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းအုပ်များ သည် အထက်မှညွှန်ကြားချက်များကို လိုက်နာမှုအားနည်းခြင်း၊ ကျောင်းစစ် ဆေးရေးကို လက်ခံနိုင်မှုမရှိခြင်း၊ ကျောင်းတွင် ဆရာများနှင့်ပြဿနာဖြစ်ပွား ခြင်းတို့ကြောင့် အမြင့်ဆုံးပြစ်ဒဏ်များဖြစ်သည့် ရာထူးမှထုတ်ပယ်ခြင်း၊ ရာထူး လျှော့ခြင်းများ၊ ဝေးလံဒေသများသို့ ပြောင်းရွှေ့ခိုင်းမှုများပြုလုပ် လျက်ရှိသည် ဟုဆိုသည်။

အဆိုပါညွှန်ကြားရေးမှူးက ''ကျောင်းအုပ်ဆရာမ တစ်ယောက်ဆို ရင် ဆရာတို့ဆီကနေ ကျောင်းစစ်ဆေးရေးဝင်မှာကို လုံးဝလက်မခံဘူး။ ဒါ ကြောင့် ရန်ကုန်ကနေ တခြားဝေးလံဒေသတစ်ခုကို ပြောင်းပေးတဲ့ ပြစ်ဒဏ်ပေး ခဲ့တယ်။ ကျောင်းအုပ်ဆိုတာက ဝန်ထမ်းပဲ။ ဝန်ထမ်းက အမိန့်နာခံရမှာပဲ။ ကျောင်းအုပ်တစ်ယောက်က ကျောင်းပြောင်းခိုင်းရင် သွားခိုင်းတဲ့နေရာကို သွား ရမှာပဲ။ ငြင်းပိုင်ခွင့်မရှိဘူး။ သတ်မှတ်တဲ့နေရာကို ၂၁ ရက်ကြာမှ မရောက်ရင် ကင်းကွာလို့သတ်မှတ်ပြီး လစာမရဘူး။ အလုပ်ကထွက်ပဲ။ ဒီအတိုင်းတော့ ချက်ချင်းမလုပ်ဘူး။ အမှုအရင်စစ်တယ်၊ ပြီးမှ အလုပ်ကထုတ်တယ်။ ရာထူးက လျှော့တာတို့ လုပ်တယ်''ဟု ပြောသည်။

မကြာသေးခင်ကလည်း ကျောင်းတွင် ဆရာမတစ်ဦးနှင့်ပြဿနာ ဖြစ်ပွားပြီး ရုံးချုပ်သို့ အပြန်အလှန်တိုင်ကြားစာများပို့ခဲ့ခြင်းကြောင့် ရုံးချုပ်မှ စစ်ဆေးကာ နှစ်ဦးစလုံးကို ကျောင်းပြောင်းခြင်း အမိန့်ချမှတ်ခဲ့ဖူးကြောင်း ကိုယ် တိုင်ပြောင်းရွှေ့ခံခဲ့ရသည့် မူလတန်းကျောင်းအုပ်တစ်ဦးက ပြောသည်။

''ကျွန်တော်က လှိုင်သာယာကနေ ထန်းတပင်ကို ပြောင်းရမှာပါ။ ကျွန်တော့်ကိုတိုင်တာက ပိုက်ဆံကောက်ခိုင်းလို့ဆိုပြီး အဲ့ဒီဆရာမကတိုင်တာ ပါ''ဟု ၄င်းက ပြောသည်။
Yangon Media Group