လင်မယားရန်ဖြစ်နေစဉ် မောင်ဖြစ်သူကဓါးနှင့်ထိုး၍ ခင်ပွန်းသေဆုံး

ပို့စ်တင်ချိန် - 2/02/2014 04:10:00 PM


နေပြည်တော်၊ ဖေဖော်ဝါရီ ၂
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၉ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ အမှတ်(၆)ရပ်ကွက်နေ ဌေးမောင်(၃၇)နှစ်နှင့် မသန်းနုစိန်(၂၇)နှစ်တို့ လင်မယားချင်း စကားများရန်ဖြစ်နေစဉ် မသန်းနုစိန်၏မောင်ဖြစ်သူ တစ်အိမ်တည်းနေ ဇင်ကျော်ထွေး (၂၀)နှစ်က အစ်မဖြစ်သူကိုညှဉ်းပန်းနှိပ်စက်သည်ဟုစွပ်စွဲကာ အရိုးအသွား(၁၂)လက်မခွဲခန့်ရှိဓါးဦးချွန်နှင့် ထိုးသဖြင့် ဌေးမောင်တွင် ယာဘက်လည်ပင်းထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဘက်နံရိုးကြားထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ယာဘက်ကျောပြင်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ဇင်ကျော်ထွေးအား ကျောက်ထုနယ်မြေရဲစခန်း(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်