ဂြိုလ်သစ် ၇၁၅ လုံး တွေ့ရှိဟု နာဆာ ကြေညာ

ပို့စ်တင်ချိန် - 2/27/2014 09:52:00 AM




ကျမတို့ နေထိုင်တဲ့ ဂလက်စီဟာ ကျမတို့ထက် ပိုပြီးကြီးမားတဲ့ အိမ်နီးချင်းတွေကို ရထားပါတယ်။ ဒါကို သက်သေထူလိုက် တာကတော့ နာဆာ အာကာသ သိပ္ပံဋ္ဌာနက နောက်ထပ် ဂြိုလ်သစ်ပေါင်း ၇၁၅ ခုကို ထပ်ပြီးတွေ့တယ်လို့ မနေ့က ကြောညာလိုက်တာပါဘဲ။ အဲဒီ ၇၁၅ လုံးသော ဂြိုလ်တွေဆိုတာ အကြီးဆုံး ကြယ်စုဖြစ်တယ်လို့ ဆိုပါတယ်။


 ဓာတ်ပုံ- နာဆာ

ဒီဂြိုလ်သစ်တွေ ဆိုတာ သေချာ နှိုင်းယှဉ် တိုင်းထွာအသိအမှတ်ပြုပြီး ကြေညာလိုက်တာဖြစ်တယ်လို့ စီအန်အန် သတင်းတပုဒ်က ဖော်ပြပါတယ်။

ကျမတို့ရဲ့ နဂါးငွေ့တန်း စင်္ကြဝဠာထဲမှာ စုစုပေါင်း ဂြိုလ်ပေါင်း ၁ ထောင်လောက် ရှိတယ်လို့ အသိအမှတ်ပြု ထားတာပါ။ အဲဒီဂြိုလ်တွေထဲက ၄ ခုကိုတော့ နာဆာက သက်ရှိ သတ္တဝါတွေနေထိုင်လို့ရတယ်လို့ အဓိပ္ပာယ် ရတဲ့ “habitable zone" လို့ ခေါ်ပါတယ်။

ဆိုလိုတာက နေနဲ့လည်းသိပ်မဝေးသလို သိပ်ပြီး မနီးပဲ အပူအအေးမျှတပြီး သက်ရှိသတ္တဝါတွေ ရှင်သန်
နေထိုင်လို့ရတဲ့ ဂြိုလ်မျိုးကိုဆိုလိုတာပါ။

နာဆာက မတူကွဲပြားတဲ့ ကြယ်ပေါင်း ၃ဝ၅ ခုက လည်ပတ်နေတဲ့ ဂြိုလ်တွေကို Kepler space ဆိုတဲ့ တယ်လီစကုပ်( မှန်ပြောင်း) နဲ့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကလည်း သိပ္ပံပညာရှင်တွေက နည်းပညာ အသစ်တွေနဲ့ ထပ်တလဲလဲ တွေ့ရှိချက်တွေကို အကြိမ်ကြိမ် အသေးစိပ် အတည်ပြုချက်ယူခဲ့ကြတာလို့ သိရပါတယ်။

Kepler space တယ်လီစကုပ်ကို နာဆာက ၂ဝဝ၉ ခုနှစ် မတ်လက အာကာသထဲကို ကမ္ဘာဂြိုလ်အပြင် အခြား ဂြိုလ်ကမ္ဘာ တွေနဲ့ ကြယ်စုတွေကို ရှာဖွေဖို့ တင်လွှတ်ထားခဲ့တယ်လို့ စီအန်အန်သတင်းက ဆိုပါတယ်။

အဲဒီမှန်ပြောင်းနဲ့ ရှာတွေ့ထားတဲ့ ဂြိုလ်ကမ္ဘာစုစုပေါင်း ၉၅ ရာခိုင် နှုန်းဟာ နက်ပကျွန်းဂြိုလက်ထက်သေး တာတွေ၊ ကမ္ဘာ ဂြိုလ်ထက် ၄ ဆလောက် ကြီးတာတွေဖြစ်တယ်လို့ နာဆာက ဆိုပါတယ်။

တချို့ကလည်း ကမ္ဘာဂြိုလ်ထက် ၂ ဆလောက် ရှိသလို တချို့ကလည်း ကျမတို့ မြင်နေရတဲ့ နေ ရဲ့ တဝက်လောက် ပမာဏ ရှိတာတွေလည်းပါပြီး သူ့တို့ရဲ့ ဝန်ရိုးတွေပေါ် လည်ပတ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ကျမတို့ နေထိုင်တဲ့ အိမ်လို့ ပြောလို့ရတဲ့ ဂြိုလ်ကမ္ဘာပတ်ဝန်းကျင်မှာ ဂြိုလ်သစ်တွေကို ကျနော်တို့ ရှာလေ တွေ့လေပဲ လို့ ကာလီဖိုးနီးယားပြည်နယ် Mountain View မှာရှိတဲ့ SETI တက္ကသိုလ်က တွဲဖက်သုတေသနမှူး Jason Rowe က ပြောပါတယ်။

အခုလို ကျမတို့ ဂြိုလ်ကမ္ဘာနဲ့ စင်္ကြဝဠာမှာ အိမ်နီးချင်းတွေ အခုလိုများများ ရှိနေတယ်ဆိုတာ သိရလေ လူသားတွေအတွက် သိစရာ အကြောင်းတွေ ပိုပိုများလာမှာလည်းဖြစ်ပါတယ်။



The Irrawaddy