လျှပ်စစ်ဓါတ်အားလိုင်းကြိုးများကို ထိခိုက်မိရာမှ မီးပွားများကျကာ မျက်ခြောက်များအားမီးလောင်ရာမှတဆင့် ယာဉ်ကိုပါကူးဆက် လောင်ကျွမ်း

ပို့စ်တင်ချိန် - 2/27/2014 02:29:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

၂၆.၂.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊
ပျဉ်းမပင်ကျေးရွာအုပ်စု၊ ဂျိုးဖြူပိုက်လိုင်းအနီး ကိုင်းတောအတွင်း 1B----
MazdaVonGo အမျိုးအစား အ၀ါရောင်ကရိန်းယာဉ်မှာ မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိငြိမ်းသတ်ခဲ့၍ ၁၈၀၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

ဖြစ်စဉ်မှာ လှော်ကား-ကြက်ဖြူကန်(မှော်ဘီ)သို့သွယ်တန်းအသုံးပြုနေ
သော ပေ(၄၀)အမြင့်ရှိ ၃၃-ကေဗွီ ဓါတ်အားလိုင်းနှင့်ယှဉ်၍ (၁၀)ပေခန့်
အကွာမှ လှော်ကား ကိုကာကိုလာအချိုရည်စက်ရုံ(ဘွတ်ကြီးရွာ၊မှော်ဘီ)
သို့ ၃၃-ကေဗွီဓါတ်အားလိုင်းသစ်အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သွယ်တန်းသည့်လုပ်ငန်းခွင်တွင် အဆိုပါကရိန်းယာဉ်ကို ယာဉ်မောင်းဦးမျိုးနိုင်(ဘ)ဦးလှမြင့်၊ သန်လျင်မြို့နယ်နေသူမှမောင်းနှင်ပြီး
ပေ(၄၀)အရှည်ရှိ ကွန်ကရစ်ကျောက်တိုင်အား ကရိန်းဖြင့်မယူစဉ် ကရိန်းသံကြိုးပြတ်ကာ ကျောက်တိုင်လဲကျခဲ့ရာ အနီးရှိ လှော်ကား-ကြက်ဖြူကန်(မှော်ဘီ)သို့သွယ်တန်း အသုံးပြုလျက်ရှိသော ဓါတ်အား လိုင်းကြိုးများကို ကျောက်တိုင်၏အဖျားမှထိခိုက်မိသဖြင့် မီးပွားများကျကာ
မြက်ခြောက်များအား မီးစွဲလောင်ရာမှတဆင့် ကရိန်ယာဉ်ကိုပါ ကူးစက်
လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တန်ဘိုးငွေကျပ်(၃)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကရိန်းယာဉ်မောင်း ဦးမျိုးနိုင် အား ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၅၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police