ဂျပန်ပြည်မှ သင်ယူစရာ

ပို့စ်တင်ချိန် - 2/12/2014 11:30:00 PM


ဂျပန်အကြောင်းရေးထားတဲ့ လှပတဲ့ ဖော်ပြချက်လေးတွေကို ဖတ်ကြည့်ရအောင်

(၁) ဂျပန်မှာ ကလေးတွေဟာ သူတို့ ဆရာ။ဆရာမတွေနဲ့အတူ တစ်ရက်ကို (၁၅)မိနစ် ကျောင်းကို သန့်ရှင်းရေး လုပ်ရတာကို သင်သိပါသလား ? ဒီလိုအလေ့အကျင့် လုပ်ထားပေးခြင်းဖြင့် နှိမ့်ချပြီး သန့်ရှင်းမှုကို စိတ်သန်တဲ့ မျိုးဆက်ဖြစ်လာစေဘို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

(၂) ဂျပန်လူမျိုးတွေဟာ ခွေးနဲ့ အတူ အပြင်ထွက် လမ်းလျှောက်တဲ့အခါ ခွေးစွန့်ပစ်တဲ့ အရာတွေကို သုတ်သင်ဘို့ ပလပ်စတစ်အိတ်ကိုပါ တစ်ပါတည်း ဆောင်သွားရပါတယ်။ လူမှုဝန်းကျင် သန့်ရှင်းမှု နဲ့ သူတို့လူမျိုးတွေရဲ့ မိမိနှင့် မိမိ ပါတ်ဝန်းကျင် သန့်ရှင်းအောင် ထိန်းသိမ်းလိုစိတ်ဟာ ဂျပန်လူမျိုးတွေရဲ့ ကျင့်ဝတ်တစ်ခုဖြစ်ကြောင်း သင်သိပါသလား ?

(၃) ကျန်းမာရေး သန့်ရှင်းရေး အလုပ်သမားတစ်ယောက်ကို သန့်ရှင်းရေး ၀န်ထမ်းလို့ မခေါ်ဘဲ သန့်ရှင်းရေး အင်ဂျင်နီယာလို့ ခေါ်ပြီး၊ လခအနေနဲ့ တစ်လကို အမေရိကန်ဒေါ်လာ (၅၀၀၀) နဲ့ (၈၀၀၀)ကြား ပေးရပါတယ်။ သန့်ရှင်းရေးသမားတစ်ယောက်ဟာ ရေးဖြေ နဲ့ နှုတ်ဖြေ စာမေးပွဲတွေကို ဖြေဆိုအောင်မြင်မှ အလုပ်ခန့်ကြောင်း သင်သိပါသလား ?

(၄) ဂျပန်မှာ သဘာဝ သယံဇာတ ဘာမျှမထွက်ပါဘူး။ တစ်နှစ်ကို အကြိမ်ရာနဲ့ချီ လှုပ်တတ်တဲ့ ငလျင် အန္တရာယ်ကလည်း ရှိပါသေးတယ် ။ ဒါပေမယ့် ဂျပန်ဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအရ ဒုတိယအကြီးမားဆုံး နိုင်ငံအဖြစ် ရပ်တည်နေဆဲဆိုတာ သင်သိပါသလား ?

(၅) မြို့ပေါ် အနုမြူဗုံးကျပြီး (၁၀)နှစ်အတွင်း ဟီရိုရှီးမားဟာ စီးပွားရေးအရ အတိုးတက်ဆုံး မြို့အဖြစ် ပြောင်းလဲခဲ့တာကို သင်သိပါသလား ?

(၆) ဂျပန်မှာ ရထားတွေ၊ စားသောက်ဆိုင်တွေ နဲ့ အတွင်းခန်းများအတွင်း မိုဘိုင်းဖုန်း မပြောရဘူးဆိုတာကို သင်သိပါသလား ?

(၇) ပထမတန်းမှ (၆)တန်းအထိ မူလတန်းမှာ ပညာသင်ကြားနေတဲ့ ကလေးတွေဟာ လူအများ နဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ လူမှုရေးကျင့်ဝတ်တွေကို သင်ကြားကြရကြောင်းသင်သိပါသလား ?

(၈) ဂျပန်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူမျိုးစာရင်းဝင်တွေ ဖြစ်ပေမယ့် သူတို့မှာ အိမ်စေအလုပ်သမားများ မရှိကြောင်း သင်သိပါသလား။ အိမ်ထောင်တစ်ခုရဲ့ မိဘလုပ်သူများဟာ အိမ် နဲ့ ကလေးတွေအတွက် တာဝန်ရှိတယ်လို့ ခံယူကြပါတယ်။

(၉) ပထမတန်းကနေ တတိယတန်းအထိ ဂျပန်ကလေးတွေဟာ စာမေးပွဲ ဖြေစရာ မလိုဘူးဆိုတာ သင်သိပါသလား ? ဂျပန်ပညာရေး ရည်မှန်းချက်က စာမေးပွဲတွေ စစ်နေရုံဖြင့် မပြီး။ ပညာရဲ့ သဘောကို စောကြောတတ်ဘို့ နှင့် ကိုယ်ရည်ကိုယ်သွေး ပြုစုပျိုးထောင်ဘို့ကလည်း အရေးပါတယ်လို့ ယူဆလို့ပါ။

(၁၀) ဂျပန်မှာ (မိမိနှစ်သက်ရာကို ကြိုက်သလောက် ထည့်စားနိုင်သော ) ဘူဖေးစားသောက်ဆိုင်တွေ သွားတဲ့အခါ ဂျပန်လူမျိုးများသည် မိမိလိုအပ်သလောက်သာ စားသောက်ကြပြီး၊ အကြွင်းအကျန် တစ်စိုးတစ်စိမျှ မရှိတတ်ကြ။ အစားကို မဖြုန်းတီးတတ်တဲ့ လူမျိုးဖြစ်ကြောင်း သင်သိပါသလား ?

(၁၁) ပျှမ်းမျှရထားနောက်ကျချိန် နှုန်းဟာ တစ်နှစ်လုံးမှာမှ ၇-စက္ကန့်မျှသာ ရှိကြောင်း သင်သိပါသလား? ဂျပန်လူမျိုးများသည် အချိန်ကို တန်ဘိုးထားတတ်ကြပြီး၊ မိနစ်၊ စက္ကန့်အထိ အချိန်ကို အတိအကျ ဂရုစိုက်တတ်ကြသည်။

(၁၂) ဂျပန်ကျောင်းသားတွေဟာ ကျောင်းမှာ အစာစားပြီးတိုင်း ရေနွေးငွေ့ဖြင့် ပိုးသတ်ထားသော သွားပွတ်တံဖြင့် ပွတ်တိုက်ပြီး၊ သူတို့ သွားတွေကို သန့်ရှင်းတတ်ကြကြောင်း သင်သိပါသလား ? ငယ်ရွယ်စဉ်ကတည်းက ဂျပန်လူမျိုးများသည် တစ်ကိုယ်ရည် သန့်ရှင်းရေးကို အမြဲ ထိန်းသိမ်းတတ်ကြသည်။

(၁၃) ကျောင်းသားများသည် အစာကို ကောင်းစွာ ကျေညက်စေရန် မိနစ်(၃၀)ခန့် အချိန်ယူ ထမင်းစားတတ်ကြကြောင်းသင်သိပါသလား ?
ဒီအကြောင်း နဲ့ ပါတ်သက်ပြီး မေးကြည့်တော့ ကျောင်းသားများသည် ဂျပန်၏ အနာဂါတ် ဖြစ်သည်လို့ သူတို့က ပြန်ဖြေပါတယ်။