ချစ်သုဝေတို့ရဲ့ မင်္ဂလာဆွမ်းကျွေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်.

ပို့စ်တင်ချိန် - 2/10/2014 05:15:00 PM







အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင် အဆိုတော် ဒေါက်တာ ချစ်သုဝေတို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၉ နာရီက မှော်ဘီရှိ
အရှင်ဆေကိန္ဒကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ သံဃာတော်များကို သင်္ဃန်းလှူဒါန်းခဲ့ပြီး နေ့ဆွမ်းဆက်ကပ်ကာ တရားနာယူခဲ့ကြပါတယ်။

ဒီအလှူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

(ဓာတ်ပုံကူညီပေးသော ချစ်သုဝေအား အထူးကျေးဇူးတင်ရှိပါသည်။)

P.060
Popular Journal