မြန်မာပြည်ကြီးကိုရင်ခွဲပြီး တရုတ်ကိုအပ်သလိုဖြစ်နေ

ပို့စ်တင်ချိန် - 2/17/2014 03:46:00 AM


နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ တရုတ်နှင့် စီမံကိန်းလုပ်ငန်းများပြုလုပ်နေခြင်း သည်မြန်မာပြည်ကြီးကိုရင်ခွဲပြီး တရုတ်ကိုအပ်သလိုဖြစ်နေကြောင်း ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဝင်းတင်ကပြောသည်။
“လက်ပံတောင်းတောင်ကိစ်္စ တွေ၊ မြစ်ဆုံကိစ္စတွေ၊ ရေနံပိုက် လိုင်းဖြတ်သွယ်မယ်ဆိုတဲ့ကိစ္စတွေ ကို အစိုးရကတရုတ်နဲ့ လုပ်တာ ထင်သာမြင်သာလုံးဝမရှိဘူးစာချုပ် ထဲမှာ ဘာပါတယ်ဆိုတာလည်း မသိရဘူး။ မြန်မာပြည်ကြီးကိုရင် ခွဲပြီး တရုတ်ကိုအပ်သလိုဖြစ်နေ တယ်။ နိုင်ငံခြားကလာတဲ့ရေနံ တွေကို တရုတ်ကိုတင်ပို့တဲ့နေရာ မှာလည်း မြန်မာပြည်ကိုဖြတ်ပြီး တင်မှာလေ။ တခြားဘက်ကဆိုရင် တစ်လျှောက်ကြီးပတ်ရမှာ အခု ကျတော့တရုတ်ကမိုင်ပေါင်းတော် တော်များသက်သာသွားတယ်။ တရုတ်ကိုပေးရတာအများကြီးပဲ”ဟု ဟံသာဝတီဦးဝင်းတင်ကဆို သည်။
မြစ်ဆုံကိစ္စတွင် လူထုကအုံကြွ ဆန့်ကျင်သည့်အတွက်လက်ရှိ အစိုးရလက်ထက်တွင် ရပ်ဆိုင်း ထားခြင်းသည်နောင်အစိုးရပခုံးပေါ် သို့တာဝန်ကြီးကိုချပေးခြင်းဖြစ် ကြောင်း၊ အစိုးရသက်တမ်းတစ်ဝက် သာရှိသေးသော်လည်း တရုတ်က မြစ်ဆုံစီမံကိန်းကို ပြန်စဖို့လုပ်နေ ကြောင်း၊ လူထုကမြစ်ဆုံစီမံကိန်း ကိစ္စနှင့် ရေနံပိုက်လိုင်းသွယ်ခြင်း ကိစ်္စကိုလည်း လက်မခံနိုင်ကြောင်း၊ အိန်္ဒိယသမုဒ်္ဒရာကြီးပွင့်သွားခြင်းကို လည်း လက်မခံနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကအဆိုပါ ကိစ္စများတွင် ပြတ်ပြတ်သားသား မပြောဘူးဆိုသည့်ပုံစံဖြင့် အစိုးရ ကဒေါ်အောင်ဆန်းစုကြည်အပေါ် သို့တာဝန်ပုံချလိုကြောင်း၊ အစိုးရ နှင့် တရုတ်ချုပ်ဆိုသောစာချုပ်ထဲ ၌ပါသောအကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မသိနိုင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။
The hot news weekly