မန္တလေးတိုင်း ဝန်ကြီးချုပ် ပြင်ဦးလွင်အသွား မိုင်းဆွဲ တိုက်ခိုက်ခံရ

ပို့စ်တင်ချိန် - 2/01/2014 12:03:00 PM

မန္တလေးတိုင်း ဝန်ကြီးချုပ် ပြင်ဦးလွင်အသွား မိုင်းဆွဲ တိုက်ခိုက်ခံရ


ဇန္နဝါရီ ၃၁ ရက် ညနေ ၃နာရီဝန်းကျင်က မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ယာဉ်တန်း မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်ထဲက မိုးကုတ် ပြင်ဦးလွင်သွား ကားလမ်းမှာ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီခရီးစဉ်မှာ လိုက်ပါ သတင်းယူတဲ့ မန္တလေးနေ့စဉ်သတင်းစာက သတင်းထောက် ကိုမဲကြီး(ခ) မန်းကိုကို နဲ့ မန္တလေးတိုင်း သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်ရဲ့ ကိုယ်ရေးအရာရှိ ၁ယောက် ဒဏ်ရာ အနည်းငယ်ရရှိသွား ပါတယ်။

ထိခိုက်ဒဏ်ရာ ရသွားသူတွေဟာ အခုအခါ မန္တလေးဆေးရုံမှာ ကုနေရတဲ့အကြောင်း မန္တလေးတိုင်း သတင်းတပ်ဖွဲ့မှ အတည်ပြု ပြောကြားခဲ့ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)